close

လာပေါ်တေး

close

June 19, 2021

စပိန်အသင်းကိုရွေးချယ်ခဲ့သည့်အကြောင်းအရင်းကို နောက်ခံလူ လာပေါ်တေး ထုတ်ဖော်ပြော

စပိန်နည်းပြ အင်းနရစ်ရဲ့ ကမ်းလှမ်းချက်ကြောင့် နိုင်ငံသားခံယူပြီး စပိန်အတွက်ကစားပေးခဲ့တာ ဖြစ်တယ်လို့ နောက်ခံလူ လာပေါ်တေးကပြောပါတယ်။ 

မန်စီးတီးနောက်ခံလူ လာပေါ်တေးဟာ စပိန်နွယ်ဖွားတစ်ဦးဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ ကြီးပြင်းခဲ့တာပါ။ ပြင်သစ်ယူ ၂၁ အသင်းအတွက် ၁၉ပွဲ အထိ ပါဝင်ကစားခဲ့ပေမယ့်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲမတိုင်ခင်မှာ စပိန်းအသင်းအတွက် ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

စပိန်အသင်းကို ရွေးချယ်ခဲ့တာက နည်းပြ လူးဝစ်အင်းနရစ်ရဲ့ ကမ်းလှမ်းချက်ကြောင့်ဖြစ်ပြီး  ယူရိုပြိုင်ပွဲကစားချင်တာကိုလည်း အင်းနရစ်က သိခဲ့တယ်လို့ လာပေါ်တေးကပြောပါတယ် ။” 

သူက စပိန်အတွက် ကစားလို့ရတယ်လို့ ပြောပါတယ်။ အင်းနရစ်နဲ့ အဲဒီအကြောင်းတွေပြောနေခဲ့တာက ကြာခဲ့ပါပြီ။ ခုချိန်မှာ စပိန်အတွက် ကစားခွင့်ရနေပြီဖြစ်လို့ ကျနော်ပျော်ရွှင်ကျေနပ်မိပါတယ်” လို့ လာပေါ်တေးကပြောပါတယ်။

 အသက် ၂၇ နှစ်ရှိ နောက်ခံလူ လာပေါ်တေးဟာ ဇွန်လ ၅ ရက်က ပေါ်တူဂီနဲ့ ပွဲမှာ စပိန်အတွက်ပထမဆုံးကစားပေးခဲ့ပြီး ဆွီဒင်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုအဖွင့်ပွဲမှာတော့ ပြိုင်ပွဲ အဆင့်မှာ ပထမဆုံးအကြိမ်ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။

5 mins Ago

May 3, 2020

 ဘောလုံးပွဲထက် ကျန်းမာရေးပိုအရေးကြီးဟု မန်စီးတီးနောက်ခံလူပြော

ဘောလုံးပွဲတွေပြန်လည်စတင်ဖို့ စီစဉ်နေတာကို ကြိုဆိုပေမယ့် ကျန်းမာရေးကပိုအရေးကြီး တယ်လို့ မန်စီးတီးနောက်ခံလူ လာပေါ်တေးကပြောလိုက်ပါတယ်။  ပရီမီးယားလိဂ်ကလပ်အသင်းတွေဟာ သောကြာနေ့က အစည်းအဝေးလုပ်ခဲ့ပြီး လုံခြုံ စိတ်ချစွာနဲ့ ပြန်လည်စတင် ကျင်းပနိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတာပါ။  မေ ၁၈ ရက်မှာ လေ့ကျင့်ခန်း ပြန်ဆင်းပြီး ဇွန် ၈ရက်မှာ ပြိုင်ပွဲစတင်မယ့်အပေါ်မှာ မန်စီးတီးနောက်ခံလူ လာပေါ်တေးကကြိုဆိုခဲ့ပေမယ့်လည်း လူတွေရဲ့ ကျန်းမားရေးက အရေးကြီးဆုံးဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ။  ဗိုင်းရပ်စ်အန္တရာယ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ဆုံးဖြတ်ချက်ကို စောင့်မျှော်နေပြီး သူတို့က လူတိုင်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်လိမ့်မယ်လို့ လာပေါ်တေးက ပြော ပါတယ်။  ဘောလုံးပွဲစဉ်တွေကို သတိရနေပြီး မကြာခင်မှာ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း လည်း လာပေါ်တေးက ပြောပါတယ်။  ကစားသမားတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေအတွက် လုံခြုံစိတ်ချရမယ့် အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ မန်စီးတီးနောက်ခံလူ လာပေါ်တေးက ဆန္ဒရှိနေတာဖြစ်ပါတယ်။ 
1 year Ago
Up