စပိန်အသင်းကိုရွေးချယ်ခဲ့သည့်အကြောင်းအရင်းကို နောက်ခံလူ လာပေါ်တေး ထုတ်ဖော်ပြော

စပိန်နည်းပြ အင်းနရစ်ရဲ့ ကမ်းလှမ်းချက်ကြောင့် နိုင်ငံသားခံယူပြီး စပိန်အတွက်ကစားပေးခဲ့တာ ဖြစ်တယ်လို့ နောက်ခံလူ လာပေါ်တေးကပြောပါတယ်။
မန်စီးတီးနောက်ခံလူ လာပေါ်တေးဟာ စပိန်နွယ်ဖွားတစ်ဦးဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ ကြီးပြင်းခဲ့တာပါ။ ပြင်သစ်ယူ ၂၁ အသင်းအတွက် ၁၉ပွဲ အထိ ပါဝင်ကစားခဲ့ပေမယ့်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲမတိုင်ခင်မှာ စပိန်းအသင်းအတွက် ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။
စပိန်အသင်းကို ရွေးချယ်ခဲ့တာက နည်းပြ လူးဝစ်အင်းနရစ်ရဲ့ ကမ်းလှမ်းချက်ကြောင့်ဖြစ်ပြီး ယူရိုပြိုင်ပွဲကစားချင်တာကိုလည်း အင်းနရစ်က သိခဲ့တယ်လို့ လာပေါ်တေးကပြောပါတယ် ။”
သူက စပိန်အတွက် ကစားလို့ရတယ်လို့ ပြောပါတယ်။ အင်းနရစ်နဲ့ အဲဒီအကြောင်းတွေပြောနေခဲ့တာက ကြာခဲ့ပါပြီ။ ခုချိန်မှာ စပိန်အတွက် ကစားခွင့်ရနေပြီဖြစ်လို့ ကျနော်ပျော်ရွှင်ကျေနပ်မိပါတယ်” လို့ လာပေါ်တေးကပြောပါတယ်။
အသက် ၂၇ နှစ်ရှိ နောက်ခံလူ လာပေါ်တေးဟာ ဇွန်လ ၅ ရက်က ပေါ်တူဂီနဲ့ ပွဲမှာ စပိန်အတွက်ပထမဆုံးကစားပေးခဲ့ပြီး ဆွီဒင်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုအဖွင့်ပွဲမှာတော့ ပြိုင်ပွဲ အဆင့်မှာ ပထမဆုံးအကြိမ်ပွဲထွက်ကစားပေးခဲ့တာဖြစ်ပါတယ်။