close

လိင်ပိုင်းဆိုင်ရာ

close

January 22, 2023

သြစတြေးလျ ရပ်ဂ်ဘီကစားသမား ၁ ဦး လိင်ပိုင်းဆိုင်ရာစော်ကားမှု စွဲချက်ဖြင့် တရားစွဲခံရ

သြစတြေးလျလက်ရွေးစင် ရပ်ဂ်ဘီအသင်းကစားသမား ကာ့တ်လေဘီးလ်ကို ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက် ၃ ခုနဲ့ တရားစွဲခဲ့ပြီးနောက်မှာ ဇန်နဝါရီလ ၂၁ ရက်မှာ အာမခံ ရရှိခဲ့ပါတယ်။  

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဘွန်ဒီကမ်းခြေရဲ့ ဆင်ခြေဖုံးရပ်ကွက်ရှိ ဘားတစ်ခုမှာ အမျိုးသမီး တဦးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အသက် ၃၄ နှစ်အရွယ် ရပ်ဂ်ဘီ ကစားသမားကို ဇန်နဝါရီလ ၂၀ ရက်က ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ဒီဖြစ်ရပ်ကြောင့် ချက်ချင်းအကျိုးသက်ရောက်မှုအဖြစ် ဇန်နဝါရီ ၂၀ မှာ ဘီးလ်ကို ရက်ဘီပြိုင်ပွဲ အားလုံးကနေ ရပ်ဆိုင်းလိုက်ပါတယ်။ 

"ရပ်ဂ်ဘီ သြစတြေးလျ အသင်းအနေနဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုချက်တွေ အပြီးသတ်ဖို့ စောင့်ဆိုင်းနေရချိန်အတွင်း ကာ့တ်လေ ဘီးလ်ကို ရက်ဘီပြိုင်ပွဲ ပုံစံအားလုံးကနေ ဆိုင်းငံ့ထား တယ်" လို့ ရက်ဘီအားကစားအုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 ဒီအမှုကို မတ် ၂၂ ရက်အထိ ရွှေ့ဆိုင်းထားပါတယ်။

10 mins Ago

May 22, 2022

လိင်ပိုင်းဆိုင်ရာစွပ်စွဲမှု မဟုတ်မှန်ဟု သန်းကြွယ်သူဌေး အီလွန်မက် ငြင်းဆို

သန်းကြွယ်သူဌေးကြီး အီလွန်မက်စ်ဟာ ၂၀၁၆ ခုနှစ်က ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ လေယာဉ်မယ်တယောက်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့ကြောင်း သတင်းဖော်ပြချက်တခုဟာ လုံးဝ မဟုတ်မမှန်တဲ့ ပြောဆိုချက်တွေအဖြစ် ရှုတ်ချလိုက်ပါတယ်။ 

မက်စ်ကိုယ်တိုင် မမြင်အပ်တဲ့အရာ သူ့ကို ထုတ်ပြခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမည်မဖော်လိုတဲ့ ကိုယ်ပိုင် ဂျက်လေယာဉ် လေယာဉ်မယ်တဦးဆီက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု တိုင်ကြားချက်ကို ဖြေရှင်းဖို့ မက်စ်ရဲ့ SpaceX ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ်တုန်းက ဒေါ်လာ ၂ သိန်းခွဲ ပေးခဲ့ရကြောင်း Business Insider သတင်းဝက်ဆိုက်မှာ မေ ၁၉ ရက်က ဖော်ပြခဲ့ပါတယ်။ 

အဲဒီဆောင်းပါးမှာ ‌လေယာဉ်မယ်ရဲ့ သူငယ်ချင်းဖြစ်သူဆိုပြီး အမည်မဖော်သူ တဦးကို ကိုးကား ဖော်ပြထားပါတယ်။ 

အဲဒီဆောင်းပါးအရ သူငယ်ချင်းဖြစ်သူက သီးသန့် ဖြေရှင်းရေးလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ထုတ်ပြန်ချက်တခုကို ပေးတယ်လို့ ဆိုပါတယ်။ 

အီလွန်မက်စ်က “သူထုတ်ပြတာ မြင်ဖူးတယ်လို့ ပြောနေတဲ့ အဲဒီလူလိမ်ကို သူ့ရဲ့ လူမသိနိုင် မမြင်နိုင်တဲ့နေရာက အမာရွတ်တွေ၊ တက်တူးတွေ တခုလောက်ကို ပြလိုက်စမ်းပါလို့ စိန်ခေါ်ချင်တာ တခုရှိကြောင်းနဲ့ ဒါကလည်း ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ကိစ္စမို့လို့ သူလုပ်နိုင်မှာ မဟုတ်ဘူး”လို့ မေ ၁၉ ရက်နေ့က  တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

မက်စ်နဲ့ SpaceX တို့ဟာ Business Insider သတင်းနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကို တုံ့ပြန်ခြင်း မရှိပါဘူး။ 

Tesla Inc ရဲ့အမှုဆောင်အရာရှိချုပ်လည်းဖြစ်ပြီး Twitter Inc ကိုဝယ်ဖို့ အငြင်းအခုံဖြစ်နေဆဲ အီလွန်မက်စ်ကတော့ ဒီမိုကရက်အစား ရီပတ်ဘလစ်ကန်ကို မဲပေးတော့မယ်လို့ မေ ၁၈ ရက်မှာ ပြောကြားခဲ့ပြီး သူ့ကို ညစ်ပြီး လှည့်ကွက်သုံး မဲဆွယ်ပွဲတွေ လုပ်လာလိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။ 

Business Insider ဆောင်းပါးထဲမှာ လေယာဉ်အမှုထမ်းရဲ့ ဇာတ်လမ်းဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုခံရတဲ့ အပိုင်းဖြစ်ပြီး ဒီဇာတ်လမ်းမှာ နောက်ထပ် အများကြီး ရှိသေးတယ်လို့ ပြောကြားထားတဲ့ မက်စ်ကို ကိုးကားဖော်ပြထားပါတယ်။ 

မေ ၁၉ ရက်ညနေမှာတော့ မက်စ်ဟာ သူ့ကို တိုက်ခိုက်တာကို နိုင်ငံရေးမှန်ဘီလူးကနေ ကြည့်သင့်ကြောင်းနဲ့ ဒါဟာ သူတို့ရဲ့ စက်ဆုပ်စရာ စံနှုန်းပြ စာအုပ်ဖြစ်ကြောင်း၊ ဒါပေမဲ့ ကောင်းမွန်တဲ့ အနာဂတ်နဲ့ မင်းရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်တာကို ဘယ်အရာကမှ သူ့ကို ဟန့်တားမှာ မဟုတ်ကြောင်း တွစ်တာမှာရေးလိုက်တယ်။ 

ကနဦးပိုင်း တွစ်တာမှာ၊ Business Insider ဆောင်းပါးက စွပ်စွဲချက်တွေကို အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။ နောက်ပြီး မှတ်တမ်းအတွက်၊ ဒီရိုင်းစိုင်းတဲ့စွပ်စွဲချက်တွေဟာ လုံးဝမမှန်ပါဘူး လို့ မက်စ်က ပြောခဲ့ပါတယ်။ 

8 months Ago
Up