သြစတြေးလျ ရပ်ဂ်ဘီကစားသမား ၁ ဦး လိင်ပိုင်းဆိုင်ရာစော်ကားမှု စွဲချက်ဖြင့် တရားစွဲခံရ

သြစတြေးလျလက်ရွေးစင် ရပ်ဂ်ဘီအသင်းကစားသမား ကာ့တ်လေဘီးလ်ကို ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက် ၃ ခုနဲ့ တရားစွဲခဲ့ပြီးနောက်မှာ ဇန်နဝါရီလ ၂၁ ရက်မှာ အာမခံ ရရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဘွန်ဒီကမ်းခြေရဲ့ ဆင်ခြေဖုံးရပ်ကွက်ရှိ ဘားတစ်ခုမှာ အမျိုးသမီး တဦးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အသက် ၃၄ နှစ်အရွယ် ရပ်ဂ်ဘီ ကစားသမားကို ဇန်နဝါရီလ ၂၀ ရက်က ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် ချက်ချင်းအကျိုးသက်ရောက်မှုအဖြစ် ဇန်နဝါရီ ၂၀ မှာ ဘီးလ်ကို ရက်ဘီပြိုင်ပွဲ အားလုံးကနေ ရပ်ဆိုင်းလိုက်ပါတယ်။
"ရပ်ဂ်ဘီ သြစတြေးလျ အသင်းအနေနဲ့ ဥပဒေကြောင်းအရ တရားစွဲဆိုချက်တွေ အပြီးသတ်ဖို့ စောင့်ဆိုင်းနေရချိန်အတွင်း ကာ့တ်လေ ဘီးလ်ကို ရက်ဘီပြိုင်ပွဲ ပုံစံအားလုံးကနေ ဆိုင်းငံ့ထား တယ်" လို့ ရက်ဘီအားကစားအုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီအမှုကို မတ် ၂၂ ရက်အထိ ရွှေ့ဆိုင်းထားပါတယ်။