close

လိင်ပိုင်း

close

March 4, 2023

မင်းသမီး ဂျီနာမက်လွန် Hunger Games ရိုက်ကူးစဉ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

သရုပ်ဆောင် မင်းသမီး ဂျီနာမက်လွန်ဟာ The Hunger Games: Mockingjay part -2 ရိုက်ကူးနေစဉ် လိင်ပိုင်းဆိုင်ရာ လက်ရောက်စော်ကားခံခဲ့ရတယ်လို့ သူရဲ့ တရားဝင် အင်စတာဂရမ် စာမျက်နှာမှာ ‌မတ်လ ၁ ရက်က ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ The Hunger Games: Mockingjay part 2 ရိုက်ကူးနေစဉ် ကာလဟာ သူ့အတွက် ခက်ခဲခဲ့ပြီး အဲ့ဒီကာလမှာ ချစ်သူနဲ့ လမ်းခွဲခဲ့ရကြောင်းနဲ့ အလုပ်အတူတူလုပ်သူ တယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ လက်ရောက်စော်ကားမှု ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မက်လွန်ဟာ ကျူးလွန်ခဲ့တဲ့လူရဲ့ နာမည်နဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ခဲ့ခြင်းမရှိပေမဲ့ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ရပြီး “ဒါဟာ ခက်ခဲတဲ့လုပ်ငန်းစဉ်တခု ဖြစ်ပေမဲ့ ဝမ်းနည်းပူဆွေးမှုရဲ့ အခက်ခဲဆုံးအပိုင်းကို ဖြတ်ကျော်ဖို့ အမှန်တကယ် အကူအညီဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။

“အခုချိန်မှာတော့ တရားမျှတမှုနဲ့ ပြန်လည်ကောင်းမွန်ဖို့ သင်ယူနေပြီး ကျူးလွန်ခဲ့သူနဲ့ ငြိမ်းချမ်းဖို့၊ သူမကိုယ်တိုင် ငြိမ်းချမ်းဖို့လည်း လုပ်ဆောင်နေပြီး အခက်အခဲတွေကို ဖြတ်ကျော်ပြီး ကျမရဲ့ ပျော်ရွှင်မှုနဲ့ ပြီးမြောက်အောင်မြင်မှုကို ခံစားဖို့ အသင့်ဖြစ်နေပါပြီ” လို့ ရေးသားခဲ့ပါတယ်။

သရုပ်ဆောင် ဂျီနာမက်လွန် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး The Hunger Games တွေရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate ဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

3 hours Ago

April 19, 2022

ကက်သလစ်ဘုရားကျောင်းများ၌ တိုင်းရင်းသားကလေးများ လိင်ပိုင်းစော်ကားခံရမှု တိုရွန်တိုတွင် ဆန္ဒပြ

ကက်သလစ် ဘုရားကျောင်းက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ ကနေဒါရဲ့ ဌာနေတိုင်းရင်းသား ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားခံရတဲ့ ကိစ္စကို ဧပြီ ၁၈ ရက်နေ့က တိုရွန်တိုမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီအဖြစ်အပျက်ဟာ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မရှင်က ယဉ်ကျေးမှုတခုလုံး ဖျောက်ဖျက်ပစ်ဖို့ ကြိုးပမ်းမှု "cultural genocide" လို့ ခေါ်ဝေါ်သုံးနှုန်းတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာပါ။ 

ဧပြီ ၁ ရက်တုန်းက ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဘုရားကျောင်းကိုယ်စား ဝန်ချတောင်းပန်ခဲ့ ပါတယ်။  

ကက်သလစ် ဘုရားကျောင်းမှာ တာဝန်ရှိသူတွေက ဒီလိုစိတ်ပျက်စရာကောင်းတဲ့ အပြုအမူ တွေကို ကျူးလွန်ခဲ့ကြတဲ့အတွက် ဘုရာသခင်ရှေ့မှောက်မှာ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

“လေးနက်တဲ့ နှလုံးသား၊ နာကျင်တဲ့ စိတ်နဲ့ တောင်းပန်ပါတယ်” လို့ ပုပ်ရဟန်းမင်းက မိန့်ကြားခဲ့တာပါ။ 

ဒါပေမယ့် ဆန္ဒပြသမားတွေကတော့ ဒီလို တောင်းပန်ရုံလောက်နဲ့ မကျေအေးနိုင်ကြဘဲ စော်ကားခံရတဲ့ ကလေးတွေရဲ့ နာမည်တွေကို ဘုရားရှိခိုးကျောင်းရဲ့ ခြံစည်းရိုးမှာ ချိတ်ဆွဲထားကြပါတယ်။ 

ဒီဟိုးလေးတကျော်အမှုနဲ့ ပတ်သက်တဲ့ ၂၀၀၆ ခုနှစ်တုန်းက သဘောတူညီချက်အရ ဘုရားကျောင်း က ဌာနတိုင်းရင်းသားအကျိုးပြုပရဟိတ ဖောင်ဒေးရှင်းကို ဒေါ်လာ ၆၃ သန်းကျော် ပေးအပ်ဖို့ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ် တရားရုံးဆုံးဖြတ်ချက်က ၂၀၀၆ ခုနှစ် သဘောတူညီချက်အတိုင်း မဟုတ်တော့ဘဲ ဘုရားကျောင်းဘက်က ပေးရမယ့် သန်းနဲ့ချီတဲ့ နစ်နာကြေးငွေတွေကနေ ကင်းလွတ်ခွင့်ရတာပါ။

11 months Ago
Up