close

ကက်သလစ်ဘုရားကျောင်းများ၌ တိုင်းရင်းသားကလေးများ လိင်ပိုင်းစော်ကားခံရမှု တိုရွန်တိုတွင် ဆန္ဒပြ

ကက်သလစ် ဘုရားကျောင်းက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာ ကနေဒါရဲ့ ဌာနေတိုင်းရင်းသား ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားခံရတဲ့ ကိစ္စကို ဧပြီ ၁၈ ရက်နေ့က တိုရွန်တိုမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီအဖြစ်အပျက်ဟာ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေး ကော်မရှင်က ယဉ်ကျေးမှုတခုလုံး ဖျောက်ဖျက်ပစ်ဖို့ ကြိုးပမ်းမှု "cultural genocide" လို့ ခေါ်ဝေါ်သုံးနှုန်းတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာပါ။ 

ဧပြီ ၁ ရက်တုန်းက ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဘုရားကျောင်းကိုယ်စား ဝန်ချတောင်းပန်ခဲ့ ပါတယ်။  

ကက်သလစ် ဘုရားကျောင်းမှာ တာဝန်ရှိသူတွေက ဒီလိုစိတ်ပျက်စရာကောင်းတဲ့ အပြုအမူ တွေကို ကျူးလွန်ခဲ့ကြတဲ့အတွက် ဘုရာသခင်ရှေ့မှောက်မှာ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

“လေးနက်တဲ့ နှလုံးသား၊ နာကျင်တဲ့ စိတ်နဲ့ တောင်းပန်ပါတယ်” လို့ ပုပ်ရဟန်းမင်းက မိန့်ကြားခဲ့တာပါ။ 

ဒါပေမယ့် ဆန္ဒပြသမားတွေကတော့ ဒီလို တောင်းပန်ရုံလောက်နဲ့ မကျေအေးနိုင်ကြဘဲ စော်ကားခံရတဲ့ ကလေးတွေရဲ့ နာမည်တွေကို ဘုရားရှိခိုးကျောင်းရဲ့ ခြံစည်းရိုးမှာ ချိတ်ဆွဲထားကြပါတယ်။ 

ဒီဟိုးလေးတကျော်အမှုနဲ့ ပတ်သက်တဲ့ ၂၀၀၆ ခုနှစ်တုန်းက သဘောတူညီချက်အရ ဘုရားကျောင်း က ဌာနတိုင်းရင်းသားအကျိုးပြုပရဟိတ ဖောင်ဒေးရှင်းကို ဒေါ်လာ ၆၃ သန်းကျော် ပေးအပ်ဖို့ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ် တရားရုံးဆုံးဖြတ်ချက်က ၂၀၀၆ ခုနှစ် သဘောတူညီချက်အတိုင်း မဟုတ်တော့ဘဲ ဘုရားကျောင်းဘက်က ပေးရမယ့် သန်းနဲ့ချီတဲ့ နစ်နာကြေးငွေတွေကနေ ကင်းလွတ်ခွင့်ရတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up