close

လိုင်လီ

close

December 25, 2021

လိုင်လီကွင်းလယ်ကစားသမား ဆန်းချက်ဇ်က အသင်းပြောင်းရွှေ့ကစားလို

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ တရားဝင်ကမ်းလှမ်းတဲ့အသင်း ရှိလာရင် အသင်းပြောင်းရွှေ့ ကစားမယ်လို့ လိုင်လီကွင်းလယ်လူ ဆန်းချက်ဇ်က အတည်ပြုပါတယ်။ 

ပေါ်တူဂီ ကွင်းလယ်လူ ဆန်းချက်ဇ်ဟာ မနှစ်က လိုင်လီနဲ့အတူ ပြင်သစ် လီဂူးဝမ်းချန်ပီယံ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ကလပ်အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

အေစီမီလန်နဲ့ အာဆင်နယ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားတယ်ဆိုတာ ဖြစ်နိုင်ပေမဲ့ အမှန်တကယ် မသိရှိသေးကြောင်း ပြင်သစ်သတင်းစာကို ဆန်းချက်ဇ်က ပြောသွားပါတယ်။ 

အသက် ၂၄ နှစ်ရှိ ပေါ်တူဂီ ကွင်းလယ်လူဟာ ဘိုင်ယန်နဲ့ ဆွမ်ဆီးအသင်းတွေမှာ ခြေစွမ်းမပြသနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ အတွေ့အကြုံကောင်းတွေ ရှိလာပြီဖြစ်လို့ ခြေစွမ်းပြနိုင်အောင် ဘယ်လိုကစားရမလဲဆိုတာ သိနေပြီလို့ ပြောသွားပါတယ်။

31 mins Ago

August 21, 2020

လိုင်လီနောက်ခံလူ မက်ဂယ်ဟတ်စ်ကို အာဆင်နယ်က ၅ နှစ်စာချုပ်ချုပ်ဆိုမည်

အာဆင်နယ်အသင်းဟာ လိုင်လီနောက်ခံလူ မက်ဂယ်ဟတ်စ်ကို ပေါင် ၂၂ သန်းပေးချေပြီး ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။  အာဆင်နယ်နဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးနေစဉ်မှာပဲ နာပိုလီနဲ့ အဲဗာတန် အသင်းတွေကလည်း မက်ဂယ်ဟတ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ တယ်လီဂရပ် သတင်းစာက ဖော်ပြခဲ့ပါတယ်။  လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ မက်ဂယ်ဟတ်စ်နဲ့ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်နေပြီး မကြာခင်စာချုပ်ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ်။  အာဆင်နယ်အသင်းဟာ စပိန်နောက်ခံလူ ပါဘလိုမာရီကို အပြီးသတ်ခေါ်ယူထားသလို စိန့်အက်တီယန်မှာ အငှားချထားတဲ့ နောက်ခံလူ ဆာလီဘာကိုလည်း ပြန်လည်ခေါ်ယူထားပါတယ်။  အာဆင်နယ် ဗဟိုခံစစ်မှာ ဒေးဗစ်လုဇ်၊ မူစတာဖီနဲ့ ဟိုးလ်ဒင်းတို့လည်း ရှိနေတာကြောင့် မက်ဂယ်ဟတ်စ် ရောက်ရှိလာပါက တခြားနောက်ခံလူတွေဖြစ်တဲ့ ချန်ဘာနဲ့ ဆိုကရက်တစ်စ်တို့ကို ရောင်းထုတ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ 
1 year Ago
Up