အန်ဖီးလ်ကွင်းမှာ အိမ်ရှင် လီဗာပူးအသင်းကို အနိုင်ယူနိုင်မှသာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်နိုင်ကြောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။
စကိုင်းစပေါ့ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံပြေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး နဗီးလ်က သုံးသပ်ခဲ့တာပါ။
လီဗာပူးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ အာဆင်နယ်အသင်း အနိုင်ရမယ် ဆိုရင်တော့ ချန်ပီယံဖြစ်နိုင်ကြောင်း၊ လက်ရှိအခြေအနေအရတော့ နှစ်သင်းစလုံးမှာ အခွင့်အရေး ၅၀-၅၀ နဲ့ ဆတူရှိနေသေးကြောင်း နဗီးလ်က ပြောပါတယ်။
နဗီးလ်နဲ့အတူ သုံးသပ်တင်ဆက်ခဲ့တဲ့ ဂျေမီရက်ဒ်နက်ကတော့ အာဆင်နယ်အသင်းအနေနဲ့ လက်ကျန် အဝေးကွင်းပွဲစဉ်တွေက ချန်ပီယံပြေးလမ်းမှာ အဓိကအဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးကို တပွဲပိုနဲ့ ၈ မှတ်ဖြတ်ထားပေမဲ့ လက်ကျန်ပွဲစဉ် ၉ ပွဲမှာ လီဗာပူး၊ မန်စီးတီး၊ နယူးကာဆယ်အသင်းတို့နဲ့ အဝေးကွင်းပွဲစဉ်တွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဇူလိုင် ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာစီးတီးပွဲစဉ်မှာ လီဗာပူးလ်က ၃-၁ ဂိုးနဲ့ အနိုင်ရသွားပြီး ကွန်မြူနတီဒိုင်းချန်ပီယံဆုကို ရရှိသွားပါတယ်။
လီဗာပူးလ်အသင်းဘက်က ပွဲချိန် ၂၁ မိနစ်မှာ အာနိုး၊ ပွဲချိန် ၈၃ မိနစ်ဆာလာ ၊ ပွဲချိန် မိနစ် ၉၀ မှာ ဆာလာက သွင်းယူခဲ့တာပါ။
မန်စီးတီးအသင်းဘက်ကတော့ ပွဲချိန် မိနစ် ၇၀ မှာအယ်လ်ဗာရက်ဇ်က ချေပဂိုး ၁ ဂိုးပြန်သွင်းယူခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုကို (၁၆) ကြိမ်မြောက်ရယူခဲ့ခြင်းဖြစ်ကာ အာဆင်နယ်အသင်းရဲ့ ဒုတိယအအောင်မြင်ဆုံး မှတ်တမ်းကိုလိုက်မီခဲ့ပါတယ်။
ဒါ့ပြင်လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ဟာ လီဗာပူးလ်နည်းပြဘဝမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကိုရယူနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာခဲ့ပါတယ်။