close

လီဗာပူးလ်က မန်စီးတီးကို ၃-၁ ဂိုးဖြင့် အနိုင်ရသွားပြီး ကွန်မြူနတီဒိုင်းချန်ပီယံဆုရ

ဇူလိုင် ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့  လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာစီးတီးပွဲစဉ်မှာ  လီဗာပူးလ်က  ၃-၁ ဂိုးနဲ့ အနိုင်ရသွားပြီး ကွန်မြူနတီဒိုင်းချန်ပီယံဆုကို ရရှိသွားပါတယ်။

လီဗာပူးလ်အသင်းဘက်က ပွဲချိန် ၂၁ မိနစ်မှာ   အာနိုး၊ ပွဲချိန် ၈၃ မိနစ်ဆာလာ  ၊ ပွဲချိန် မိနစ် ၉၀ မှာ ဆာလာက သွင်းယူခဲ့တာပါ။

မန်စီးတီးအသင်းဘက်ကတော့   ပွဲချိန် မိနစ် ၇၀ မှာအယ်လ်ဗာရက်ဇ်က ချေပဂိုး ၁ ဂိုးပြန်သွင်းယူခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ  ကွန်မြူနတီဒိုင်း ချန်ပီယံဆုကို ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုကို (၁၆) ကြိမ်မြောက်ရယူခဲ့ခြင်းဖြစ်ကာ အာဆင်နယ်အသင်းရဲ့ ဒုတိယအအောင်မြင်ဆုံး မှတ်တမ်းကိုလိုက်မီခဲ့ပါတယ်။

ဒါ့ပြင်လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ဟာ  လီဗာပူးလ်နည်းပြဘဝမှာ  ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ လိဂ်ဖလား၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားနဲ့  ကွန်မြူနတီဒိုင်းတို့ကိုရယူနိုင်တဲ့ ပထမဆုံးနည်းပြ​ဖြစ်လာခဲ့ပါတယ်။ 

//
Up