close

လီဝန်ဒေါစကီ

close

November 5, 2021

ချန်ပီယံလိဂ်ပွဲ ၁၀၀ ၌ သွင်းဂိုးအများဆုံးကစားသမားအဖြစ် လီဝန်ဒေါစကီး ရပ်တည်

ဥရောပချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်ချိန်မှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ရပ်တည်နိုင်ခဲ့ပါတယ်။ 

လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ်ပွဲ ၁၀၀ မှာ ၈၁ ဂိုးအထိ သွင်းယူခဲ့ခြင်းဖြစ်ပြီး အရင်က ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့်ချိန်မှာ  ဂိုးသွင်း အများဆုံးအဖြစ် စံချိန်တင်ထားတဲ့  PSG တိုက်စစ်မှူး မက်ဆီရဲ့ ၇၅ ဂိုး စံချိန်ကို  ၆ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။  

နိုဝင်ဘာ ၂ ရက်က ကစားခဲ့တ့ ချန်ပီယံလိဂ်ပွဲစဉ် ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာပွဲမှာ  လီဝန်ဒေါစကီး ဟာ  ပထမပိုင်းပြီးခါနီး ရရှိခဲ့တဲ့ ပယ်နယ်တီကို လွဲချော်ခဲ့ပေမဲ့လည်း ပွဲချိန် ၂၆ မိနစ်၊ ၆၁ မိနစ်နဲ့ ၈၄ မိနစ်တို့မှာ  ဟက်ထရစ် ၃ ဂိုး သွင်းယူခဲ့ပါတယ်။ 

အဲဒီပွဲမှာ  လီဝန်ဒေါစကီးအတွက် ကစားသမားဘဝ ချန်ပီယံလိဂ်ပွဲ  ၁၀၀ ပြည့်မြောက်တဲ့ပွဲဖြစ်ပြီး ရာပြည့်ပွဲကစားသူတွေထဲမှာလည်း  ဂိုးသွင်းအများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

လက်ရှိ ချန်ပီယံလိဂ်သမိုင်းရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာတော့ မန်ယူဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၁၃၉ ဂိုးနဲ့ ဦးဆောင်နေပြီး  PSG တိုက်စစ်မှူး မက်ဆီက ၁၂၃ ဂိုးနဲ့ ဒုတိယ နေရာမှာ  ရပ်တည်နေကာ လီဝန်ဒေါစကီးကတော့  အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ 

2 mins Ago
Up