ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပေးအပ်ချီးမြှင့်မယ့် အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံး စကာတင် ၃ ဦး ထုတ်ပြန်ခဲ့ရာမှာ မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ ဆာလက်တို့ ပါဝင်လာ ပါတယ်။
သူတို့ ၃ ဦးထဲကနေ ဘယ်သူက အကောင်းဆုံးကစားသမားဆုရမလဲဆိုတာ နိုင်ငံ့လက်ရွေးစင် နည်းပြတွေ၊ အသင်းခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေက မဲပေးရွေးချယ်ရ မှာဖြစ်ပါတယ်။
နောက်ဆုံး ၃ ဦးအဆင့်မှာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက ၂၀၀၇ ခုနှစ် နောက်ပိုင်း ဒုတိယအကြိမ် ပါဝင်ခဲ့ခြင်းမရှိခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းက ကစားသမားတွေနဲ့ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့တဲ့ ချဲလ်ဆီးက ကစားသမားတွေ ပါဝင်ခြင်းမရှိတာကတော့ ထူးခြားချက်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးဆုကိုတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရ ရရှိခဲ့ပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုမှာတော့ မက်ဆီက လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပါတယ်။
ဖီဖာရဲ့အကောင်းဆုံး ဆုတွေပေးအပ်ချီးမြှင့်ပွဲကိုတော့ လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။
လီဝန်ဒေါစကီးရဲ့ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းက ၂ နှစ်စာချုပ် သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ဒီအတွက် လာမယ့်နွေရာသီမှာ ဆွေးနွေးဖွယ်ရှိနေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးအနေနဲ့ အခုရာသီ ပြိုင်ပွဲစုံ ၂၇ ဂိုးထိ သွင်းယူထားပါတယ်။