ဘိုင်ယန်မြူးနစ်အသင်း လီဝန်ဒေါ့စကီးကို ၂ သက်တမ်းတိုးဖွယ်ရှိ

4
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။
လီဝန်ဒေါစကီးရဲ့ လက်ရှိစာချုပ်မှာ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းက ၂ နှစ်စာချုပ် သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ဒီအတွက် လာမယ့်နွေရာသီမှာ ဆွေးနွေးဖွယ်ရှိနေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးအနေနဲ့ အခုရာသီ ပြိုင်ပွဲစုံ ၂၇ ဂိုးထိ သွင်းယူထားပါတယ်။