close

လုပ်ကြံသတ်ဖြတ်

close

January 28, 2023

ကန်ဂျာနယ်လစ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုဖြင့် အရှေ့ဥရောပ ရာဇ၀တ်မှု အဖွဲ့အစည်း အဖွဲ့ဝင် ၃ ဦးကို တရားစွဲဆို

အမေရိကန်နိုင်ငံသား ဂျာနယ်လစ်နဲ့ တက်ကြွလှုပ်ရှားသူတယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ အီရန်အစိုးရ ကျောထောက်နောက်ခံပြု အရှေ့ဥရောပ ရာဇ၀တ်မှု အဖွဲ့အစည်းမှ အဖွဲ့ဝင် ၃ ယောက်ကို တရားစွဲဆိုထားကြောင်း ရှေ့နေချုပ် မဲရစ်ခ် ဂါလန်းဒ် က ဇန်နဝါရီ ၂၇ ရက် သောကြာနေ့မှာ ပြောလိုက်ပါတယ်။

တီဟီရန်-နောက်ခံပြု ကြံစည်မှုထဲမှာ ရာဖှတ် အာမီရို့ဗ်၊ ပိုလဒ် အိုမာရို့ဗ် နဲ့ ခါလစ် မဲဒီယဗ် တို့ကို အခကြေးငွေယူပြီး လူသတ်ပေးမှုနဲ့ ငွေကြေးခဝါချမှုတို့မှာ သူတို့ပါဝင်တဲ့ကဏ္ဍအတွက် တရားစွဲဆိုခံရကြောင်း တရားရေးဌာနမှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခံရသူရဲ့ အမည်ကိုတော့ ရှေ့နေချုပ် ဂါလန်းဒ်က ဖော်ပြမထားပေမယ့် ရိုက်တာသတင်းမှာတော့ ဆိုရှယ်မီဒီယာမှာ အီရန်နိုင်ငံရဲ့ ခေါင်းစည်းဥပဒေတွေကို စည်းမျဉ်းချိုးဖောက်တဲ့ အမျိုးသမီးတွေရဲ့ ဗီဒီယိုတွေကို ကြော်ငြာပေးတဲ့ နှစ်ရှည်လများ ဝေဖန်သူ သတင်းထောက် မာစီး အလီနဂျဒ် လို့ မှန်းဆဖော်ပြထားပါတယ်။

“ပစ်မှတ်ထားခံရတဲ့ သားကောင်ဟာ အီရန်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှု၊ ဒီမိုကရေစီရေးပါဝင်မှုကို နှိမ်နှင်းခြင်း၊ မတရားထောင်ချခြင်းကို ထုတ်ဖော်ပြောဆိုမှုနဲ့ အသုံးပြုမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ကွပ်မျက်ခြင်းတွေကို လူတွေသိအောင် လုပ်ပေးခဲ့သူဖြစ်တယ်။” လို့ ဂါလန်းဒ် က ပြောပါတယ်။

သတင်းထောက် မာစီး အလီနဂျဒ် ရဲ့ ဘရွတ်ကလင်းန်ရှိ နေအိမ်အပြင်ဘက်မှာ ကြံစည်သူ ၃ ယောက်ထဲက မဲဒီယဗ်ကို ရိုင်ဖယ်သေနတ် ကိုင်ဆောင်မှုနဲ့ ပြီးခဲ့တဲ့နှစ်က နယူးယောက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ နောက်တယောက်ဖြစ်တဲ့ အာမီရို့ဗ်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက် ကြာသပတေးနေ့မှာ ဖမ်းဆီးခဲ့ပြီး သောကြာနေ့နှောင်းပိုင်းမှာ မန်ဟက်တန်က ဗဟိုတရားရုံးမှာ ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။ ၃ ယောက်မြောက်ဖြစ်တဲ့ အိုမာရို့ဗ်ကိုတော့ အခုလအစောပိုင်းက ချက်သမ္မတနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

11 mins Ago

January 4, 2023

ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ အပါအဝင် အရာရှိ ၃ ဦး လုပ်ကြံခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီ ၄ ရက်နေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ပြီး ပြန်လာတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ အပါအဝင် အရာရှိ ၃ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ALP တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။

“ဒီနေ့မနက် စစ်တွေ ဝေသာလီကွင်းမှာ လွတ်လပ်ရေးအခမ်းအနား တက်ရောက်ပြီး အပြန် ရုံးထဲကိုအဝင်မှာ လုပ်ကြံသတ်ဖြတ်ခံရတာ။ ဘယ်အဖွဲ့ကလဲဆိုတာတော့ လက်ရှိမှာ မပြောနိုင်သေးဘူး။ ဘယ်အဖွဲ့ကလဲဆိုတာတော့ မကြာမီ အဖြေက ထွက်လာမှာပါ။”

လုပ်ကြံပစ်သတ်ခံရသူတွေကတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ စစ်တွေတာဝန်ခံ တပ်ရင်းမှူး ကျော်စိုးနဲ့ ဗိုလ်သူရိန်ထက်တို့ဖြစ်ကြောင်း ALP တာဝန်ရှိသူတွေဆီက သိရပါတယ်။

အရာရှိ ၃ ဦးဟာ စစ်တွေမြို့ ဝေသာလီအားကစားကွင်းမှာပြုလုပ်တဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ပြီး ALP ရုံးကိုအပြန် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီတန်းနား ငါးစိုင်းရိုင်းကျောင်းရှေ့ အနီးရှိ ALP ရုံးအဝင်ဝအနီးမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ အချက်ပေါင်းများစွာ အသေပစ်သတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ အရာရှိ ၃ ဦးကို စစ်တွေပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှာ စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်ယူ စစ်ဆေးနေပြီး စစ်တွေမြို့တွင်းမှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 weeks Ago
Up