close

လုပ်ခအများဆုံး

close

March 31, 2023

ပရီးမီးယားလိဂ် လုပ်ခအများဆုံး ကစားသမားစာရင်းတွင် ဒီဘရိုင်းနှင့် ဟာလန်းတို့ ဦးဆောင်

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လုပ်ခအများဆုံးကစားသမားစာရင်းမှာ မန်စီးတီးက ဒီဘရိုင်းနဲ့ ဟာလန်း တို့က ဦးဆောင်နေပါတယ်။

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၄၂၅၀၀၀  ရရှိပြီး တစ်လကို ပေါင် ၁ ဒသမ ၇သန်းရရှိနေတယ်လို့ ပြင်သစ်သတင်းဌာန L’Equipe ကဖော်ပြပါတယ်။

တိုက်စစ်မှူးဟာလန်းကတော့ တစ်ပတ်လုပ်ခ ပေါင် ၄၀၂၀၀၀ ကျော်နဲ့ ဒုတိယနေရာမှာရပ်တည်ပါတယ်။ မန်ယူဂိုးသမားဒီဂီယာက ဟာလန်းနဲ့ လုပ်ခချင်းအတူတူ သတ်မှတ်ခံရပြီး ပရီးမီးယားလိဂ်ရဲ့ ပူးတွဲဒုတိယလုပ်ခအများဆုံးကစားသမားဖြစ်ပါတယ်။ အဲဒီနောက်မှာ လီဗာပူးတိုက်စစ်ကစားသမား မိုဆာလာက တစ်ပတ်လုပ်ခ ပေါင် ၃၇၀၀၀၀ နဲ့ စတုတ္ထနေရာမှာရပ်တည်ပါတယ်။

မန်ယူအသင်းမှာပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ်မှူးဆန်ချိုဟာလည်း မိုဆာလာ လိုပဲ တစ်ပတ်လုပ်ခ ပေါင် ၃၇၀၀၀၀ ကျော်ရရှိနေတယ်လို့ ပြင်သစ်သတင်းစာက ဖော်ပြပါတယ်။

15 mins Ago

August 29, 2021

စီရော်နယ်ဒိုက မန်ယူအသင်း၏ လုပ်ခအများဆုံး ကစားသမားဖြစ်လာ

မန်ယူတိုက်စစ်မှူးသစ် စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကလောက် လုပ်ခမရတော့ပေမယ့် ယူနိုက်တက်အသင်းမှာတော့ လုပ်ခအများဆုံး ကစားသမားဖြစ်လာတယ်လို့ သိရပါတယ်။ 

စပေါ့မေးလ်ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၅ သိန်းရရှိခဲ့ပြီး ယူနိုက်တက်အသင်းမှာတော့ တစ်ပတ်လုပ်ခ ပေါင် ၃၈၅,၀၀၀ ရရှိမယ်လို့ သိရ ပါတယ်။ 

ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းကနေ ရရှိတဲ့လုပ်ခထက် တစ်နှစ်ကို ပေါင် ၆ သန်း လျော့နည်း ရရှိမှာဖြစ်ပေမယ့် ယူနိုက်တက်အသင်းမှာတော့ လုပ်ခအများဆုံးကစားသမားဖြစ်လာမယ်လို့ စပေါ့မေးလ်က ဖော်ပြပါတယ်။ 

ယူနိုက်တက်မှာ ဂိုးသမားဒီဂီယာက လုပ်ခအများဆုံးကစားသမားဖြစ် တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ရရှိနေပြီး ဂျေဒန်ဆန်ချို၊ ရာဖေးလ်ဗာရန်း၊ ပေါ့ဘာနဲ့ ကာဗာ နီတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

2 years Ago
Up