စီရော်နယ်ဒိုက မန်ယူအသင်း၏ လုပ်ခအများဆုံး ကစားသမားဖြစ်လာ

မန်ယူတိုက်စစ်မှူးသစ် စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကလောက် လုပ်ခမရတော့ပေမယ့် ယူနိုက်တက်အသင်းမှာတော့ လုပ်ခအများဆုံး ကစားသမားဖြစ်လာတယ်လို့ သိရပါတယ်။
စပေါ့မေးလ်ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၅ သိန်းရရှိခဲ့ပြီး ယူနိုက်တက်အသင်းမှာတော့ တစ်ပတ်လုပ်ခ ပေါင် ၃၈၅,၀၀၀ ရရှိမယ်လို့ သိရ ပါတယ်။
ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းကနေ ရရှိတဲ့လုပ်ခထက် တစ်နှစ်ကို ပေါင် ၆ သန်း လျော့နည်း ရရှိမှာဖြစ်ပေမယ့် ယူနိုက်တက်အသင်းမှာတော့ လုပ်ခအများဆုံးကစားသမားဖြစ်လာမယ်လို့ စပေါ့မေးလ်က ဖော်ပြပါတယ်။
ယူနိုက်တက်မှာ ဂိုးသမားဒီဂီယာက လုပ်ခအများဆုံးကစားသမားဖြစ် တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ရရှိနေပြီး ဂျေဒန်ဆန်ချို၊ ရာဖေးလ်ဗာရန်း၊ ပေါ့ဘာနဲ့ ကာဗာ နီတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။