close

လုံခြုံရေးအဖွဲ့

close

September 4, 2022

နွားထိုးကြီး ပြင်စည် အထကတွင် တပ်စွဲထားသည့် စစ်ကောင်စီလုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ အထက ကျောင်းထဲမှာ တပ်စွဲထားတဲ့ လုံခြုံရေးအဖွဲ့မှာ စက်တင်ဘာ ၂ ရက် ညနေ ၆နာရီခန့်က ပစ်ခတ်တိုက်ခိုက် ခံရတယ်လို့ ရွာခံတွေက ပြောပါတယ်။

“စက်တင်ဘာ ၂ ရက် နေ့ ညနေ ၆ နာရီလောက်က ကျောင်းထဲက ပေါက်ကွဲသံတွေကြားတာပဲ။ မိုးချုပ်ချုပ်လည်း ဖြစ်နေတော့ အပြင်လည်း မထွက်ကြတော့ဘူး။ စစ်ကောင်စီဘက်ကလည်း ပြန်ပစ်တယ်။ လူထိခိုက်သေဆုံးတာတော့ သေချာမသိဘူး။ ကျောင်းက ဝါတွင်းဆိုတော့ အဖိတ်၊ ဥပုတ် ပိတ်တာ၊ လာပစ်တာက ဥပုတ်နေ့ကြီး။ ပစ်ခတ်မှု​ကြောင့်   ကျောင်းတပတ် ပိတ်လိုက်တယ်လို့တော့ ကြားတယ်” လို့  ဒေသခံတဦးက ပြောပါတယ်။

ပြင်စည် အထက ထဲက လုံခြုံရေးအဖွဲ့အား Natogyi People Defence Force(NPDF) က လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ လုံခြုံရေးအဖွဲ့က ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိသွားတယ်လို့ NPDF က  ထုတ်ပြန်ထားပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

4 mins Ago

January 16, 2022

ကာဇက်စတန်ဆန္ဒပြပွဲ၌ လူ ၂၂၅ ဦးအား လုံခြုံရေးအဖွဲ့က သတ်ခဲ့ဟု ရာဇဝတ်မှုဆိုင်ရာ အကြီးအကဲပြော

ပြီးခဲ့တဲ့အပတ်က ကာဇက်စတန်မှာ ဆန္ဒပြမှုတွေနဲ့ မငြိမ်သက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးရဲ ၁၉ ဦး အပါအဝင် လူ ၂၂၅ ဦး ရဲ့ အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ရှေ့နေချုပ်ရုံးက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

သေဆုံးသူ အများစုက ဆန္ဒပြအရပ်သားတွေဖြစ်ပြီး လုံခြုံရေးအဖွဲ့တွေက သတ်ခဲ့တာလို့  ရာဇဝတ်မှုဆိုင်ရာ အကြီးအကဲ Serik Shalabayev က ပြောပါတယ်။

ဒီလအစောပိုင်း ကာဇက်စတန်မှာ လောင်စာဆီဈေးမြင့်တက်မှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ရာကနေ ဇန်နဝါရီ ၅ ရက်မှာ လူ ၅၀,၀၀၀ ကျော် ပါဝင်လာပြီး သမ္မတအိမ်တော်နဲ့ အစိုးရ အဆောက်အအုံတွေ၊  ဘဏ်တွေ၊ ကားတွေ၊ ဈေးဆိုင်တွေကို မီးရှို့ခဲ့ပါတယ်။ 

နိုင်ငံတည်ထောင်သူ သမ္မတ နာဆူလလ်တန် ရဲ့ ရုပ်တုကိုလည်း ဖြိုချခဲ့ပါတယ်။

ယာယီသမ္မတက တိုကာယက်ဗ်က ရုရှားဦးဆောင်တဲ့ တပ်တွေကို ခေါ်သွင်းပြီး နှိမ်နင်းခဲ့တာ ကြောင့် ဆန္ဒပြသူ ၅၀၀၀ ကျော် အဖမ်းခံရပြီး  ၂၂၅ ဦး သေဆုံးခဲ့တာပါ။

8 months Ago
Up