close

လူငယ်တိုက်စစ်မှူး

close

April 14, 2023

အင်္ဂလန်လူငယ်တိုက်စစ်မှူး ဘာလိုဂမ်ကို အမေရိကန်လက်ရွေးစင်ကိုယ်စားပြုကစားရန် ကြိုးပမ်း

အင်္ဂလန်ယူ ၂၁ တိုက်စစ်မှူးဘာလိုဂမ်ကို အမေရိကန်လက်ရွေးစင်အသင်းကြီးမှာ ကိုယ်စားပြုကစားဖို့  အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဘက်က ကြိုးပမ်းနေပါတယ်။ 

အာဆင်နယ်တိုက်စစ်မှူးဟာ ပြင်သစ်ကလပ်ရန်းစ်အသင်းမှာ အငှားထွက်ကစားနေပြီး စုစုပေါင်းသွင်းဂိုး ၁၉ ဂိုးသွင်းပြီး ခြေစွမ်းပြနေတာပါ။

ဘာလိုဂမ်ကို နိုင်ဂျီးရီးယားမိဘတွေက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ မွေးခဲ့တာဖြစ်ပြီး အသက် ၂ နှစ်အရွယ်မှာ အင်္ဂလန်ကို ပြောင်းရွှေ့အခြေချခဲ့တာပါ။

ဒါကြောင့် အင်္ဂလန်ယူ ၂၁ အသင်းမှာကစားခဲ့သည့်တိုင်အောင် အမေရိကန်နဲ့ နိုင်ဂျီးရီးယားအသင်းတွေမှာလည်း ကိုယ်စားပြု ကစားခွင့်ရှိပါတယ်။ အမေရိကန်အသင်းဟာ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အားကိုးရနိုင်မယ့် နံပါတ် ၉ တိုက်စစ်မှူးတစ်ဦး အလိုရှိနေတာဖြစ်ပြီး ဘာလိုဂမ်ကို နိုင်ငံကိုယ်စား ပြုပြောင်းလဲဖို့ ဆွေးနွေးနေတာပါ။

ဘာလိုဂမ်ကို အခုနှစ်ရာသီ မပြီးဆုံးခင်အထိ ဖိအားပေးဆွေးနွေးသွားမှာမဟုတ်ဘဲ ရာသီပြီးဆုံးချိန်ရောက်မှ အချိန်ယူပြီး စည်းရုံးသွားဖို့ အမေရိကန်ဘောလုံး အဖွဲ့ချုပ်က စီစဉ်ထားပါတယ်။

3 hours Ago

March 17, 2022

မန်ယူလူငယ်တိုက်စစ်မှူး အီလန်ဂါ ဆွီဒင်အသင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံရ

မန်ယူလူငယ်တိုက်စစ်မှူး အီလန်ဂါဟာ ဆွီဒင်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ အီလန်ဂါဟာ ကလပ်အသင်းအတွက် စုစုပေါင်း ၁၈ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။
အသက် ၁၉ နှစ်ရှိ အီလန်ဂါဟာ ဆွီဒင် ယူ-၂၁ အသင်းမှာလည်း ၇ ပွဲကစားပြီး ၆ ဂိုးသွင်းခဲ့ကာ ကလပ်အသင်းမှာလည်း ခြေစွမ်းပြခဲ့တာကြောင့် လက်ရွေးစင်အသင်းကြီးရဲ့ ခေါ်ယူခံခဲ့ရတာပါ။
အီလန်ဂါ နဲ့ အမြဲတမ်း ဆက်သွယ်စကားပြောဆိုခဲ့ပြီး သူဟာ ယူ-၂၁ အသင်းမှာရော မိခင်ကလပ် ယူနိုက်တက်မှာပါ ကောင်းမွန်တဲ့ခြေစွမ်း ပြသခဲ့ကြောင်း၊ အသင်းကြီးမှာ သူ့ကို ခေါ်ယူခဲ့တဲ့အပေါ် ဝမ်းသာပျော်ရွှင်မိကြောင်း ဆွီဒင်လက်ရွေးစင်နည်းပြ အန်ဒါဆန်က ပြောပါတယ်။
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အနေနဲ့ လာမယ့် မတ် ၂၅ ရက်နေ့မှာ ချက်အသင်းနဲ့ ကစားသွားရမှာပါ။
အီလန်ဂါရဲ့ ဖခင်ဖြစ်သူ ဂျိုးဆက်ဟာ ဆွီဒင်ကလပ် မယ်မိုအသင်းနဲ့ ကင်မရွန်းလက်ရွေးစင်အသင်းတို့မှာ ကစားခဲ့ပါတယ်။

1 year Ago
Up