close

လူငယ်ဘောလုံးသမား

close

January 31, 2023

ဘရာဇီးတွင် လူငယ်ဘောလုံးသမားများတင်လာသည့်ဘတ်စ်ကား တံတားပေါ်မှပြုတ်ကျပြီး ၄ ဦးသေဆုံး

အငယ်တန်း ဘောလုံးအသင်းသားတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးဟာ ဇန်နဝါရီ ၃၀ ရက်က ဘရာဇီးနိုင်ငံ အရှေ့ပိုင်းရှိ တံတားတစင်းပေါ်ကနေ ပြုတ်ကျခဲ့လို့ အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပါတယ်။

ဒေသတွင်းမီဒီယာတွေရဲ့ အဆိုအရ အဲဒီမတော်တဆမှုဟာ မီနာ့စ် ဂျဲရိုက်စ် ပြည်နယ်ရှိ အာလမ် ပါရာ့အီဘာ မြို့တော်အနီးမှာ တနင်္လာနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်းနဲ့ ယာဉ်မောင်းက ယာဉ်ကို မထိန်းချုပ်နိုင်တော့ဘဲ ဘတ်စ်ကားဟာ ၁၀ မီတာအမြင့်ရှိ တံတားပေါ်ကနေ ပြုတ်ကျသွားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကို နီးစပ်ရာ ကျန်းမာရေးဌာနတွေကို လွှဲပြောင်းပေးထားပါတယ်။ သေဆုံးသူအများစုဟာ ဆယ်ကျော်သက်တွေဖြစ်ကြပြီး ရီယိုဒီဂျနေရိုးရှိ ဗီလာမာရီယာ ဟယ်လီနာ လူငယ်ဘောလုံးအသင်းက အသင်းသားတွေ ဖြစ်ပါတယ်။

မီးသတ်ဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူတွေဟာ အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြား ဆယ်ကျော်သက်သုံးဦးနဲ့ အရွယ်ရောက်ပြီးသူတဦးတို့ ပါဝင်ပါတယ်။

ဗီလာမာရီယာအသင်းဟာ ကိုပါနာစီယွန်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်ပြီးနောက်မှာ ယူ-၁၈ ပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့ ယူ-၁၆ ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့ပြီး အောင်ပွဲပြန်ရလာတဲ့အသင်း ဖြစ်ပါတယ်။

15 mins Ago

December 26, 2019

မြန်မာလူငယ်ဘောလုံးသမား မြတ်ကောင်းခန့်ကို ထိုင်းလိဂ်၂  ကလပ် Chainat Hornbill ခေါ်ယူ 

မြန်မာလူငယ်ဘောလုံးသမား မြတ်ကောင်းခန့်ကို ထိုင်းနိုင်ငံက လိဂ် ၂ မှာ ပြိုင်ပွဲဝင် ယှဉ်ပြိုင်ကစားနေတဲ့ Chainat Hornbill  ကလပ်အသင်းက ခေါ်ယူလိုက်ပါတယ်။  လက်ရှိအသက် ၁၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ဟာ အသက် ၁၇ နှစ်သားကတည်းက မြန်မာလူငယ်အသင်းတွေမှာ လက်ရွေးစင်ဖြစ်ခဲ့ပြီး ဒီနှစ် ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုရခဲ့တဲ့ မြန်မာ ယူ-၂၂ အသင်းမှာလည်း ခြေစွမ်းပြကစားခဲ့သူ ဖြစ်ပါတယ်။  ဒါ့အပြင် သူ့ရဲ့ မိခင်ကလပ် ရတနာပုံအသင်းကနေ ကစားခဲ့ချိန်က ပွဲစဉ် ၃၄ ခုမှာ အနိုင်ဂိုး ၁၂ ဂိုး သွင်းနိုင်ခဲ့သူ ဖြစ်သလို ဂိုးတွေ ရရှိအောင်လည်း ဖန်တီးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။ မြန်မာ ယူ-၂၀ အသင်းမှာ ပါဝင်ကစားခဲ့စဉ်က ပွဲစဉ် ၂၄ ကစားပြီး အနိုင်ဂိုး ၁၃ ဂိုး၊ ယူ-၂၂ အသင်းအနေနဲ့ ကစားရာမှာ ပွဲစဉ် ၂၀ အနက် အနိုင်ဂိုး ၅ ဂိုး၊ မြန်မာ့လက်ရွေး စင်ဘောလုံးသမားအနေနဲ့ ပွဲစဉ် ၂ ပွဲမှဦ  အနိုင်ဂိုး ၁ ဂိုးသွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ် ။ ဒါကြောင့်  Chainat Hornbill Football Club  အသင်းအနေနဲ့ မြန်မာ့လူငယ်လက်ရွေးစင် ကစားသမား မြတ်ကောင်းခန့်ကို 2020 Thai League 2 အတွက် တစ်ဦးတည်းသော Asean Quota Player အဖြစ် ခေါ်ယူလိုက်တာပါ။  မြတ်ကောင်းခန့်ဟာ ကျောနံပါတ် ၈ နဲ့ သူတို့ရဲ့ အသင်းထဲမှာ ကစားရမှာဖြစ်ပြီး အလယ်တန်းကစားသမားအဖြစ် ကောင်းမွန်စွာကစားနိုင်မယ်လို့ မျှော်လင့်ကြောင်း ၊ Chainat Hornbill ကွင်းကြီးကနေ မြန်မာပြည်သူပြည်သားတွေကို လှိုက်လှဲစွာကြိုဆိုကြောင်း၊ အသင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။ ဓာတ်ပုံ- Chainat Hornbill FC
3 years Ago
Up