ဟောင်ကောင်မှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဦးရေ ၁၀,၀၁၀ အယောက် အထိ စံချိန်သစ်တင်ခဲ့ပြီး ကူးစက်ခံ ၄၇ ယောက် သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဖော်ပြပါတယ်။
ဟောင်ကောင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကပ်ရောဂါဘေး စတည်းက အပြင်းထန်ဆုံး လူမှု ကန့်သတ်ချက်တွေ ချမှတ်ထားပေမဲ့ နေ့စဉ် ကူးစက်ခံ ဦးရေဟာ ဆတိုးကိန်းနဲ့ တိုးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မတ်လမှာတော့ တရက်အတွင်း အသစ်ကူးစက်ခံ ဦးရေဟာ ၁ သိန်း ၈သောင်းထိ ရောက်နိုင်တယ်လို့ ပညာရှင်တချို့ကခန့်မှန်းထားပါတယ်။
ပိုဆိုးလာနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတိုက်ဖျက်ရေးကူညီဖို့ တရုတ်လုပ်ငန်းတခု ကို ဟောင်ကောင် အစိုးရက ရောဂါခြေချုပ်ဌာနနဲ့ ကုသရေးဌာန ၈ ခု တည်ဆောက်ဖို့ ကန်ထရိုက် ပေးထားပါတယ်။
ခုတင် ၅၀,၀၀၀ ဆံ့ယာယီဌာနတွေကို ဆောက်လုပ်ဖို့ တရုတ်အစိုးရဆောက်လုပ်ရေး နိုင်ငံတကာ ကုမ္ပဏီက ရည်မှန်းထားပြီး ဘယ်အချိန် အပြီးတည်ဆောက်ရမယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။