close

ဟောင်ကောင်၌ တရက်အတွင်း ကိုဗစ်ကူးစက်လူနာ ၁၀,၀၀၀ ကျော်ရှိလာ

ဟောင်ကောင်မှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဦးရေ ၁၀,၀၁၀ အယောက် အထိ စံချိန်သစ်တင်ခဲ့ပြီး ကူးစက်ခံ ၄၇ ယောက် သေဆုံးခဲ့တယ်လို့  ဖေဖော်ဝါရီ ၂၅ ရက်မှာ ဖော်ပြပါတယ်။

ဟောင်ကောင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကပ်ရောဂါဘေး စတည်းက အပြင်းထန်ဆုံး လူမှု ကန့်သတ်ချက်တွေ ချမှတ်ထားပေမဲ့ နေ့စဉ် ကူးစက်ခံ ဦးရေဟာ ဆတိုးကိန်းနဲ့ တိုးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မတ်လမှာတော့ တရက်အတွင်း အသစ်ကူးစက်ခံ ဦးရေဟာ ၁ သိန်း ၈သောင်းထိ ရောက်နိုင်တယ်လို့ ပညာရှင်တချို့ကခန့်မှန်းထားပါတယ်။

ပိုဆိုးလာနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုတိုက်ဖျက်ရေးကူညီဖို့ တရုတ်လုပ်ငန်းတခု ကို ဟောင်ကောင် အစိုးရက ရောဂါခြေချုပ်ဌာနနဲ့ ကုသရေးဌာန ၈ ခု တည်ဆောက်ဖို့ ကန်ထရိုက် ပေးထားပါတယ်။

ခုတင် ၅၀,၀၀၀ ဆံ့ယာယီဌာနတွေကို ဆောက်လုပ်ဖို့ တရုတ်အစိုးရဆောက်လုပ်ရေး နိုင်ငံတကာ ကုမ္ပဏီက ရည်မှန်းထားပြီး ဘယ်အချိန် အပြီးတည်ဆောက်ရမယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up