အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ကိုပါအီတလီယာဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူးလူကာကူအပေါ် လူမျိုးရေးခွဲခြားခဲ့တဲ့ ဂျူဗင်တပ်ပရိသတ် ၁၇၁ ဦးကို ကွင်းထဲဝင်ကြည့်ခွင့်ပိတ်ပင်ခဲ့ပါတယ်။
အဲဒီ ကိုပါအီတလီယာဖလားပွဲစဉ်မှာ လူကာကူက ပွဲချိန် ၉၅ မိနစ်မှာ ပင်နယ်တီကနေ ချေပဂိုးသွင်းယူခဲ့တာပါ။
ဂိုးသွင်းယူအပြီး အောင်ပွဲခံရာမှာ ဂျူဗင်တပ်ပရိသတ်တွေက မျောက်ဆိုပြီး သံပြိုင်အော်ဟစ်ကာ လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့တာပါ။
အဲဒီဖြစ်ရပ်အပေါ် ရုပ်သံပြကွက်တွေကနေ တဆင့် ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းပရိသတ် ၁၇၁ ဦးကို ကွင်းထဲဝင်ကြည့်ခွင့်ပိတ်ပင်ခဲ့တာပါ။
စုစု ပေါင်း ပရိသတ် ၂၀၀ ဦး အထိ ရှိနိုင်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်မယ်လို့သိရပါတယ်။
ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့ရဲ့ ကိုပါအီတလီယာဖလား ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၂၇ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့လွဲခဲ့တဲ့ပြင်သစ်ကစားသမားတွေဟာ အသင်းပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ခံယူရမှာ ဂိုးဝင်အောင်မသွင်းနိုင်ခဲ့တဲ့ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ ကိုမန်၊ ချူအာမန်နီတို့ကို ဆိုရှယ်မီဒီယာတွေကနေ လူမျိုးရေးခွဲခြားခံခဲ့ရတာပါ။
ဒါ့အပြင် တိုက်စစ်မှူး မူအမ်နီကိုလည်း အပိုင်အခွင့်အရေးတွေလွဲချော်ခဲ့တယ်ဆိုပြီး ပရိသတ်တွေကဆိုရှယ် မီဒီယာကနေ ဆဲဆိုဝေဖန်မှုတွေ၊ အီမိုဂျီပုံတွေနဲ့ လူမျိုးရေးခွဲခြားစော်ကားတဲ့ မှတ်ချက်များရေးခဲ့ ကြတာပါ။
အဆိုပါပြစ်သစ်ကစားသမားတွေဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေကို ပိတ်သိမ်းခဲ့ရပြီး လက်ရှိ အချိန်မှာတော့ မှတ်ချက်တွေကိုဖျက်ကာ ပြန်ဖွင့်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲဗိုလ်လုပွဲမှာလည်း လူစားဝင်ကစားပြီးနောက် ပင်နယ်တီမဝင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆာကာတို့ဟာ အလားတူ လူမျိုးရေးခွဲခြားမှုတွေခံခဲ့ရပါတယ်။