close

လူ ၂ ဦးသေဆုံး

close

November 16, 2022

ရုရှားဒုံးကျည် ပိုလန်နိုင်ငံထဲကျရောက်ပြီး လူ ၂ ဦးသေဆုံး

ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ပိုလန်နိုင်ငံထဲကို ကျရောက်ပြီး အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုဝင်ဘာ ၁၅ ရက်  အေပီသတင်းမှာဖော်ပြပါတယ်။

ရုရှား ဒုံးကျည်တစင်းဟာ ယူကရိန်းနယ်စပ်အနီးရှိ ပိုလန်မြို့ငယ်လေးတမြို့ဖြစ်တဲ့ Przewodów  မြို့ကိုကျရောက်တာဖြစ်ပြီး ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့  ပိုလန်အစိုးရတာဝန်ရှိသူကတော့ အသေးစိတ်အတည်ပြုပြောဆိုတာမရှိပါဘူး။ 

ဒါပေမဲ့ ပိုလန်ဝန်ကြီးချုပ်ကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ကော်မတီရဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပနေတယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထွစ်တာလူမှုကွန်ရက်မှာ ရေးပါတယ်။

ပိုလန်နိုင်ငံဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်ပြီး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နေတိုးအဖွဲ့အနေနဲ့ ဘယ်လို တုံ့ပြန်မလဲဆိုတာတော့ မသိရသေးပါဘူး။

3 hours Ago

September 17, 2021

ဝန်းသိုမြို့နယ်တွင် ဗုံးပေါက်ကွဲပြီး လူ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာအနီး ဝန်းသို - ပင်လည်ဘူး  ချောင်းကူးတံတားမှာ စက်တင်ဘာ ၁၇ ရက် မွန်းတည့် ၁၂ နာရီကျော်က ဗုံးပေါက်ကွဲပြီး  လူ ၂ ယောက် သေဆုံးသွားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ ပြည်သူ နှစ်ယောက်  ထိမှန်ခဲ့ရာမှာ တယောက်က နေရာမှာတင် သေဆုံးကာ ကျန်တယောက်က  ဆေးရုံပို့ရင်း လမ်းမှာ သေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံး ပေါက်ကွဲပြီးမကြာခင်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး အဲဒီအနီးမှာ စစ်ဆေးတာပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ 

1 year Ago
Up