close

လူ ၃ ဦး

close

January 31, 2023

ဘရပ်ဆဲလ်ဘူတာရုံတွင် လူ ၃ ဦး ဓားဖြင့် တိုက်ခိုက်ခံရ

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ ရထားဘူတာရုံမှာ ဇန်နဝါရီ ၃၀ ရက်က လူသုံးဦးကို ဓားနဲ့ ထိုးခဲ့တဲ့ အမျိုးသားတစ်ဦးကို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် လူ တဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

လူအတက်အဆင်း အရမ်းများတယ်လို့ နာမည်ကြီးတဲ့ ရှူးမန်းဘူတာရုံကို မြေအောက် ကားရထားတစ်စီး ဆိုက်ရောက်လာချိန် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ 

ဓားထိုးခံရသူ ၃ ဦးစလုံးကို ဆေးရုံမှာ ကုသနေကြောင်းနဲ့ သူတို့ထဲက တစ်ဦးကဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

အသက် ၃၀ အရွယ် တိုက်ခိုက်သူရဲ့ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုကို လက်မခံကြောင်း အစိုးရရှေ့နေရုံးက အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်သူကို ရဲတပ်ဖွဲ့က အရင်က သိရှိထားကြောင်း စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။ 

ဖက်ဒရယ်ရဲဌာနနဲ့ ဒေသခံ ရဲတပ်ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ပြစ်မှုကျူးလွန်သူကို အမြန်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘရပ်ဆဲလ်မြို့တော်ဝန် ဖိလစ်ပ်ကလို့စ်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။ 

3 mins Ago

July 18, 2021

ဝါရှင်တန်ဒီစီမြို့တော်ရှိ ပန်းခြံအနီး လူ ၃ ဦး သေနတ်ဖြင့် ပစ်ခံရ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ ကိုလံဘီယာစီရင်စုက ဘေ့စ်ဘောအားကစားရုံ ရှိရာ အမျိုသားဥယာဉ် ပန်းခြံအပြင် ဘက်မှာ ဇူလိုင် ၁၇ ရက် ညက လူ ၃ ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

အားကစား ဝါသနာအိုးတချို့ တတိယထပ် မြေအောက်ခန်းထဲ အစုလိုက် ဝင်ပြေးနေပုံ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နေပါတယ်။

သေနတ်ပစ်ခတ်ခံရသူ ၂ ယောက်ကို ဆေးရုံဆီ  ပို့ဆောင်ခဲ့ပြီး  တခြား ၂ယောက်ကတော့ သေနတ်ဒဏ်ရာကို ကုသခံဖို့ ဆေးရုံဆီ လမ်းလျှောက်သွားခဲ့ကြတယ်လို့ စီရင်စုရဲဌာနက အစောပိုင်းမှာ ပြောပါတယ်။

စနေနေ့ည အားကစားရုံအပြင်ဘက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ လူ ၃ယောက် ပစ်ခတ်ခံရတာလို့ ပြန်ပြင် ပြောခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဝါရှင်တန်၊ နေရှင်နယ်စ်နဲ့ စန်ဒီယေဂို၊ ပါဒရေစ်အသင်း ၂ သင်းကြား ဘေ့စ်ဘော အားကစားပွဲကို ဆိုင်းငံ့ ထားရပြီး ကစားပွဲကို ဇူလိုင် ၁၈ရက်မှာ ပြန်စဖို့ မျှော်လင့်ထားပါတယ်။ 

2 years Ago
Up