ဝါရှင်တန်ဒီစီမြို့တော်ရှိ ပန်းခြံအနီး လူ ၃ ဦး သေနတ်ဖြင့် ပစ်ခံရ

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၊ ကိုလံဘီယာစီရင်စုက ဘေ့စ်ဘောအားကစားရုံ ရှိရာ အမျိုသားဥယာဉ် ပန်းခြံအပြင် ဘက်မှာ ဇူလိုင် ၁၇ ရက် ညက လူ ၃ ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
အားကစား ဝါသနာအိုးတချို့ တတိယထပ် မြေအောက်ခန်းထဲ အစုလိုက် ဝင်ပြေးနေပုံ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နေပါတယ်။
သေနတ်ပစ်ခတ်ခံရသူ ၂ ယောက်ကို ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး တခြား ၂ယောက်ကတော့ သေနတ်ဒဏ်ရာကို ကုသခံဖို့ ဆေးရုံဆီ လမ်းလျှောက်သွားခဲ့ကြတယ်လို့ စီရင်စုရဲဌာနက အစောပိုင်းမှာ ပြောပါတယ်။
စနေနေ့ည အားကစားရုံအပြင်ဘက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ လူ ၃ယောက် ပစ်ခတ်ခံရတာလို့ ပြန်ပြင် ပြောခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ဝါရှင်တန်၊ နေရှင်နယ်စ်နဲ့ စန်ဒီယေဂို၊ ပါဒရေစ်အသင်း ၂ သင်းကြား ဘေ့စ်ဘော အားကစားပွဲကို ဆိုင်းငံ့ ထားရပြီး ကစားပွဲကို ဇူလိုင် ၁၈ရက်မှာ ပြန်စဖို့ မျှော်လင့်ထားပါတယ်။