ဩစတြေးလျ စစ်ဘက်ထောက်လှမ်းရေးလေယာဉ်တစင်းကို တရုတ်ရေတပ်သင်္ဘောက လေဆာပွိုင့်နဲ့ ထိုးခဲ့ပြီးနောက် ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ‘ခြိမ်းခြောက်တဲ့လုပ်ရပ်’ လို့ တရုတ်အစိုးရကို စွပ်စွဲလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဩစတြေးလျမြောက်ဘက် ကမ်းခြေတလျှောက်ကို A P-8A Poseidon အမည်ရှိ ရေကြောင်းကင်းလှည့်လေယာဉ် ပျံသန်းနေခိုက်မှာ တရုတ်ရေတပ်သင်္ဘောက လေဆာနဲ့ထိုးခဲ့တာဟာ လေယာဉ်မောင်းသူတွေကို အသက်အန္တရာယ်ရှိတယ်လို့ မောရစ်ဆင်က ပြောပါတယ်။ နောက် တရုတ်အစိုးရရဲ့အပြုအမူကိုလည်း ဖြေကြားဖို့ ဖေဖော်ဝါရီ ၂၀ ရက်က တောင်းဆိုခဲ့ပါတယ်။
ကင်းလှည့်လေယာဉ်ဟာ ဩစတြေးလျမြောက်ဘက် ကမ်းရိုးတန်းနဲ့ နယူးဂီနီယာ တောင်ဘက်ကမ်းရိုးတန်းကြား အဲရာဖောရာပင်လယ်တွင်း ဖြတ်သန်းနေချိန်မှာ တရုတ်သင်္ဘောက လေဆာနဲ့ ထိုးခဲ့တာပါ။
ဩစတြေးလျနဲ့ တရုတ်က အဓိကကုန်သွယ်ရေးပါတနာတွေ ဖြစ်ပေမဲ့ ၂၀၁၈ မှာ ဩစတြေးလျ အစိုးရက ဟွာဝေးနည်းပညာကုမ္ပဏီရဲ့ 5G ကွန်ရက်ကို ပိတ်ပင်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့တာပါ။
ဒိန်းမတ်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂိုးသမား ရှမိုက်ကယ်ရဲ့မျက်နှာကို လေဆာနဲ့ထိုးခဲ့တဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို ၂၆,၀၀၀ ဒဏ်ရိုက်လိုက်ပါတယ်။
အင်္ဂလန်တိုက် စစ်မှူးဟာရီကိန်း ပင်နယ်တီကန်သွင်းချိန်မှာ ပြိုင်ဘက် ဂိုးသမားရှမိုက်ကယ်ရဲ့မျက်နှာကို အင်္ဂလန်ပရိတစ်ဦးက လေဆာမီးနဲ့ လှမ်းထိုးခဲ့တာပါ။
စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို ၂၆,၀၀၀ ဒဏ်ရိုက်ကြောင်း ယူအီးအက်ဖ်အေက ဆုံးဖြတ်ခဲ့တာပါ။
ဒါ့အပြင် ဒိန်းမတ် နိုင်ငံတော်သီချင်းသီဆိုနေချိန်မှာ အင်္ဂလန်ပရိသတ်တချို့က လှောင်ပြောင် အော်ဟစ်ခဲ့မှုအတွက်လည်း အင်္ဂလန်အက်ဖ်အေကို ပေါင် ၄၃၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
ဒိန်းမတ်ဂိုးသမားကို ရှမိုက်ကယ်ကတော့ ပင်နယ်တီကိုကာကွယ်ဖို့ လုပ်နေစဉ်မှာ လေဆာနဲ့ထိုးခံခဲ့ရတာကို ဒိုင်လူကြီးဆီ တိုင်ကြားခဲ့ပြီး ကွင်းလယ်ဒိုင်က ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေကို ဆက်လက်တင်ပြခဲ့တယ်လို့ ပြောပါတယ်။
အင်္ဂလန်ပရိသတ်တွေဟာ ဇူလိုင် ၁၂ ရက်နေ့ မနက်အစောပိုင်း ကစားမယ့် အီတလီနဲ့ ပွဲစဉ်အတွက်လည်း အင်တိုက်အားတိုက် အားပေးသွားဖို့ရှိပါတယ်။