close

ဩစတြေးလျလေယာဉ်ကို လေဆာနှင့်ထိုးခဲ့သည့်ကိစ္စ ခြိမ်းခြောက်မှုမြောက်ဟု ဝန်ကြီးချုပ်ပြော

ဩစတြေးလျ စစ်ဘက်ထောက်လှမ်းရေးလေယာဉ်တစင်းကို တရုတ်ရေတပ်သင်္ဘောက လေဆာပွိုင့်နဲ့ ထိုးခဲ့ပြီးနောက် ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ‘ခြိမ်းခြောက်တဲ့လုပ်ရပ်’ လို့  တရုတ်အစိုးရကို စွပ်စွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ဩစတြေးလျမြောက်ဘက် ကမ်းခြေတလျှောက်ကို A P-8A Poseidon အမည်ရှိ ရေကြောင်းကင်းလှည့်လေယာဉ် ပျံသန်းနေခိုက်မှာ တရုတ်ရေတပ်သင်္ဘောက လေဆာနဲ့ထိုးခဲ့တာဟာ လေယာဉ်မောင်းသူတွေကို အသက်အန္တရာယ်ရှိတယ်လို့ မောရစ်ဆင်က ပြောပါတယ်။ နောက် တရုတ်အစိုးရရဲ့အပြုအမူကိုလည်း ဖြေကြားဖို့  ဖေဖော်ဝါရီ ၂၀ ရက်က တောင်းဆိုခဲ့ပါတယ်။

ကင်းလှည့်လေယာဉ်ဟာ ဩစတြေးလျမြောက်ဘက် ကမ်းရိုးတန်းနဲ့ နယူးဂီနီယာ တောင်ဘက်ကမ်းရိုးတန်းကြား အဲရာဖောရာပင်လယ်တွင်း  ဖြတ်သန်းနေချိန်မှာ တရုတ်သင်္ဘောက လေဆာနဲ့ ထိုးခဲ့တာပါ။

ဩစတြေးလျနဲ့ တရုတ်က အဓိကကုန်သွယ်ရေးပါတနာတွေ ဖြစ်ပေမဲ့ ၂၀၁၈ မှာ ဩစတြေးလျ အစိုးရက ဟွာဝေးနည်းပညာကုမ္ပဏီရဲ့ 5G ကွန်ရက်ကို ပိတ်ပင်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့တာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up