close

လေဗာကူဆန်

close

January 23, 2022

လေဗာကူဆန်အတွက် မူဆာဒီယာဘီက ဟတ်ထရစ် ၃ ဂိုးသွင်း

လေဗာကူဆန်က  အော့စဘာဂ်အသင်းကို ၅ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရတဲ့ စနေနေ့ည ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ မူဆာဒီယာဘီက ဟတ်ထရစ်  ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

လေဗာကူဆန် အိမ်ကွင်းမှာ ကစားတဲ့ပွဲမှာ ပထမ ၁၀ မိနစ်မှာကတည်းက ကာရင်းက တဂိုးသွင်းပြီး တဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

၂၄ မိနစ်မှာ ဒီယာဘီက အသင်းအတွက် ဒုတိယဂိုး သွင်းပါတယ်။ ဒုတိယပိုင်း ၆၂ မိနစ်မှာ အော့စဘာဂ်အသင်းက ချေပဂိုး တဂိုးပြန်သွင်းပါတယ်။ နောက်ထပ် ၄ မိနစ်အတွင်းမှာပဲ ဒီယာဘီက နှစ်ဂိုး ပြန်သွင်းပါတယ်။

ပွဲပြီးခါနီး ၈၁ မိနစ်မှာ လေဗာကူဆင်ဘက်က လူးကက်စ်အယ်လာရီယိုက တဂိုး ထပ်သွင်းတဲ့အတွက် ၅ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။

လေဗာကူဆန်အသင်းဟာ ဘွန်ဒတ်စ်လီဂါ အမှတ်ပေးဇယားမှ နံပါတ် ၃ နေရာမှာ ရှိပါတယ်။ ဒုတိယနေရာမှာ ရှိနေတဲ့ ဒေါ့မွန်အသင်းက ၈ မှတ် နည်းပြီး၊ နံပါတ် ၄ နေရာမှာ ယူနီယံဘာလင် အသင်းနဲ့ ၁ မှတ်အသာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

1 min Ago

September 1, 2020

လေဗာကူဆန် ကွင်းလယ်လူ ကိုင်ဟားဗတ်ဇ်ကို ခေါ်ယူရန် ချဲလ်ဆီးအသင်း နီးစပ်

ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ သီတင်းပတ်အတန်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာတော့ ချဲလ်ဆီးအသင်းဟာ လေဗာကူဆန် ကွင်းလယ်လူ ကိုင်ဟားဗတ်ဇ်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကစားသမားအတွက် လေဗာကူဆန်ဘက်က ပေါင်သန်း ၉၀ တောင်းဆိုခဲ့ပြီး ချဲလ်ဆီးဘက်က ပေါင် ၇၂ သန်းကို လက်ငင်းပေးကာ ကျန် ၁၈ သန်းကို ဆုကြေးငွေအဖြစ် ပေးချေသွားဖို့ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ကိစ္စကို မကြာခင်မှာ အသင်းတွေဘက်က တရားဝင် ထုတ်ပြန် ကြေညာသွားမယ်လို့ ယူဆရပြီး အတည်ပြုနိုင်ခဲ့ပြီဆိုရင် အသက် ၂၁ နှစ်အရွယ်ဟားဗတ်ဇ်ဟာ ချဲလ်ဆီးအသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ဖြစ်လာမှာပါ။ ချဲလ်ဆီးဟာ ကစားသမားကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီချက်ရရှိခဲ့ပြီး ဖြစ်ပါတယ်။  လေဗာကူဆင်နည်းပြ ပီတာဘွတ်ဇ်ကိုယ်တိုင်ကလည်း ဟားဗတ်ဇ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းတော့မယ်လို့ မယူဆကြောင်း ပြောဆိုထားပါတယ်။ ဟားဗတ်ဇ်ကို ခေါ်ယူနိုင်ဖို့လည်း သေချာသလောက်ရှိနေပြီ ဖြစ်တာကြောင့် လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဂိုးသမားနေရာကို ခေါ်ယူအားဖြည့်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ရင်းနက်စ်ဂိုးသမား မန်ဒီကို ပြီးခဲ့တဲ့သီတင်းပတ်က စတင်ချိတ်ဆက်ခဲ့ပါတယ်။  မန်ဒီလို ဂိုးသမားမျိုးကို ခေါ်ယူသင့်တယ်လို့ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ပီတာဆတ်ကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်ရှိဂိုးသမား ကတ်ပါကိုလည်း ပစ်ပယ်ထားမှာမဟုတ်ဘူးလို့ ဆတ်က ပြောပါတယ်။  “နောက်ထပ် ကစားသမားသစ်တွေ ထပ်ခေါ်ဦးမှာပါ။ ဂိုးသမား နေရာအတွက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကျနော်တို့ဘက်က လက်ရှိ ဂိုးသမားကို လက်လျှော့လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ သူ့အနာဂတ်မှာ အခုထက်ပိုကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ကျနော်တို့အားလုံးမှာ ရှိနေပါတယ်။” ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီ ထိပ်သီးအသင်းကြီးတွေထဲမှာ ငွေသုံးအကြမ်းဆုံးအသင်းအဖြစ် ရပ်တည်နေပြီး လိုက်ပစ်ဇ်အသင်းရဲ့ တီမိုဝါနာ၊ အေဂျက်ဇ်အသင်းရဲ့ ဇီယတ်ချ်၊ လက်စတာအသင်းရဲ့ ဘန်ချီဝဲလ်တို့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့သလို ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။
1 year Ago
Up