close

လောင်ချာ

close

August 22, 2022

အင်းစိန်အကျဥ်းထောင် လောင်ချာဖြင့် ပစ်ခတ်ခံရ၊ ဝန်ထမ်း တဦး ထိမှန်

အင်းစိန်မြို့နယ် ရွာမအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်း အင်းစိန်ဗဟိုအကျဉ်းထောင်ကို ဩဂုတ် ၂၂ ရက် မနက် ၄ နာရီက လောင်ချာနဲ့ပစ်ခတ်တာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဝန်ထမ်း တယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အမည်မသိ လက်နက်ကိုင်တွေဟာ ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စွယ်တော် သစ်သားလိုင်းခန်းနားက မန်ကျည်းပင်ကို ထိမှန်ပေါက်ကွဲကာ ဝန်ထမ်း တယောက် ထိခိုက် ဒဏ်ရာ ရခဲ့တာ ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။

"ပထမ ဗုံးနဲ့ပစ်တယ် ထင်တာ။ နောက်မှ ၄၀ မမနဲ့ ပစ်တယ်ဆိုတာ သိရတယ်။ အကျဥ်းဦးစီးက တပ်သားအဆင့် ထိသွားတယ်။ ဒဏ်ရာက မစိုးရိမ်ရဘူး"

ရပ်ကွက်နေသူ တဦးက "အသံကတော့ အကျယ်ကြီးပဲ။ လူနာတင်ကား တစီး  ထောင်ထဲ ဝင်သွားတယ်။ စစ်ကားတွေ ကတော့ ပေါက်တောဝ ဘက်ကို တက်သွားတယ်"လို့ ပြောပါတယ်။

လက်တလော အင်းစိန်ထောင်နဲ့ အနီးတဝိုက် စစ်တပ်နဲ့ ရဲတွေကို လုံခြုံရေးချထားတယ်လို့ မြို့ခံ တွေက ပြောပါတယ်။ 

အင်းစိန်အကျဥ်းထောင်မှာ ပြီးခဲ့တဲ့လတွေကလည်း သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ၊ ဗုံးပေါက်တာ တွေ ဖြစ်ခဲ့ဖူးပါတယ်။   

8 mins Ago

February 27, 2022

ကိယက်ဗ်မြို့ရှိ လူနေအဆောက်အအုံတစ်ခု လောင်ချာထိမှန်

ဖေဖော်ဝါရီ ၂၆ ရက်မနက်အစောပိုင်းမှာ ကိယက်ဗ်မြို့ လူနေအဆောက်အအုံတခုကို ရော့ကက်လောင်ချာတခု ထိမှန်ခဲ့တဲ့ ဗွီဒီယိုကို ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လွှင့်ပေးပါတယ်။

အဆောက်အအုံရဲ့ အတွင်းနဲ့အပြင်မှာထားတဲ့ စီစီတီဗွီကနေ မှတ်တမ်းတင်ထားတာပါ။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှာ ဆောင်ရွက်နေသူတဦးက သူနေထိုင်တဲ့ အဆောက်အအုံ တိုက်ခန်းပါလို့ ပြောပြီး သူ့မိသားစု လွတ်မြောက်ခဲ့ပေမဲ့ ကလေးတယောက်ရဲ့ ခြောက်ထောက်တွေ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း အ‌ဆောက်အအုံက ၂၁ ထပ်မြင့်ပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ 

စနေနေ့က ကိယက်ဗ်မြို့ အထပ်မြင့်အဆောက်အအုံ ၄၀ ခန့် လောင်ချာတွေ ထိမှန်ခဲ့တာပါ။

6 months Ago
Up