ကိယက်ဗ်မြို့ရှိ လူနေအဆောက်အအုံတစ်ခု လောင်ချာထိမှန်

ဖေဖော်ဝါရီ ၂၆ ရက်မနက်အစောပိုင်းမှာ ကိယက်ဗ်မြို့ လူနေအဆောက်အအုံတခုကို ရော့ကက်လောင်ချာတခု ထိမှန်ခဲ့တဲ့ ဗွီဒီယိုကို ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က လွှင့်ပေးပါတယ်။
အဆောက်အအုံရဲ့ အတွင်းနဲ့အပြင်မှာထားတဲ့ စီစီတီဗွီကနေ မှတ်တမ်းတင်ထားတာပါ။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှာ ဆောင်ရွက်နေသူတဦးက သူနေထိုင်တဲ့ အဆောက်အအုံ တိုက်ခန်းပါလို့ ပြောပြီး သူ့မိသားစု လွတ်မြောက်ခဲ့ပေမဲ့ ကလေးတယောက်ရဲ့ ခြောက်ထောက်တွေ ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း အဆောက်အအုံက ၂၁ ထပ်မြင့်ပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
စနေနေ့က ကိယက်ဗ်မြို့ အထပ်မြင့်အဆောက်အအုံ ၄၀ ခန့် လောင်ချာတွေ ထိမှန်ခဲ့တာပါ။