close

လေ့ကျင့်ခန်းပြန်ဆင်း

close

March 9, 2023

ကာလရှည်အနားယူခဲ့ရသည့် အာဆင်နယ်တိုက်စစ်မှူး ဂျေဆု လေ့ကျင့်ခန်းပြန်ဆင်း

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုဟာ  အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဝုဗ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲမှာ နောက်ဆုံးပါဝင်ကစားခဲ့တာပါ။ ဘရာဇီးလက်ရွေးစင်အသင်းမှာ လေ့ကျင့်ရင်းဒဏ်ရာရခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမပြီးခင်မှာပဲ လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာပါ။

ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရတာကြောင့် သုံးလကျော်အနားယူခဲ့ရပြီး လက်ရှိအချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာပါ။ ဂျေဆုဟာ စပို့တင်းလစ္စဘွန်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းလူစာရင်းနဲ့အတူ လိုက်ပါလာမှာဖြစ်ပေမယ့် ပွဲကစားနိုင်မှာတော့မဟုတ် သေးဘူးလို့သိရပါတယ်။

သူ့ကိုအာဆင်နယ်အသင်းနဲ့ နောက်ထပ်ပွဲစဉ် ၂ ပွဲမှာလည်း အရဲစွန့်ပြီး အသုံးပြုဖို့မရှိသေးဘဲ နိုင်ငံတကာပွဲစဉ်တွေပြီးတဲ့အချိန်ရောက်မှ စတင်ပွဲထွက်ခွင့်ပေးဖို့ရှိပါ တယ်။ ဂျေဆုဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲကစားအပြီးမှာ ၅ ဂိုးသွင်း ၅ ကြိမ် ဂိုးဖန်တီးမှုပြုလုပ် နိုင်ခဲ့ပါတယ်။

3 hours Ago

February 3, 2023

လီဗာပူးတိုက်စစ်မှူးဖေမီနိုနှင့် နောက်ခံလူဗန်ဒိုက်တို့ လေ့ကျင့်ခန်းပြန်ဆင်း

ဒဏ်ရာပြဿနာတွေကြောင် အနားယူခဲ့ရတဲ့ လီဗာပူးတိုက်စစ်မှူး ဖေမီနိုနဲ့ နောက်ခံလူဗန်ဒိုက်တို့ နှစ်ဦးဟာ အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။

ဒါဟာ ဒဏ်ရာရကစားသမားတွေများပြားနေတဲ့ အသင်းနဲ့ နည်းပြယာဂန်ကလော့ပ်တို့အတွက် စိတ်သက်သာရာရစေခဲ့ပါတယ်။

သူတို့ နှစ်ဦးဟာ ကြာသပတေးနေ့က အသင်းရဲ့ AXA လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ အတူ လေ့ကျင့်ခဲ့ကြတာပါ။

အသင်းလိုက် လေ့ကျင့်ခန်းတွေတော့ လိုက်မလုပ်ခဲ့ကြပေမယ့်  ဒီတစ်ပတ် ပွဲစဉ်တွေမှာ အရန်ခုံတန်းမှာပါလာဖို့ရှိပါတယ်။ လစ်ဗာပူးအသင်းမှာ တိုက်စစ်ပိုင်းက လူးဝစ်ဒီယက်ဇ်နဲ့ ဂျိုတာတို့  ဟာလည်း ဒဏ်ရာကိုယ်စီရခဲ့လို့ အနားယူနေရပါတယ်။ 

1 month Ago
Up