ပိုလန်တပ်ဖွဲ့တွေဟာ မဟာဗျူဟာကျတဲ့ ဗက်စ်ကူလာစပလစ်တူးမြောင်းကို သိမ်းပိုက်မှု ပုံစံတူ တန်ပြန်ထိုးစစ်လေ့ကျင့်ခန်းတစ်ခုကို ဧပြီ ၁၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
ရုရှားနိုင်ငံ ကလီနင်ဂရက်နယ်မြေကနေ မိုင်အနည်းငယ်အကွာမှာရှိတဲ့ တူးမြောင်းနဲ့ ပတ်ဝန်းကျင်တံတားတွေကို လွတ်မြောက်စေရေး လေကြောင်း၊ မြေပြင်နဲ့ ပင်လယ်ရေကြောင်းချီ တပ်တွေက ပူးပေါင်းလေ့ကျင့်ခဲ့တာပါ။
ပိုလန်ဗိုလ်မှူးကြီးကာရိုးဖရန်ကောင်စကီက“အဲဒီကနေ ဖြစ်နိုင်ခြေရှိတဲ့ ရုရှားရဲ့ ရန်စမှုတွေကို တားဆီးဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သည်တွေနဲ့ မော်တော်ယာဉ်တွေလည်း ပါဝင်ပါတယ်။ ပိုလန်နိုင်ငံ စကော်ရွန်ကီမြို့မှာရှိတဲ့ ဗက်ကူလာစပလစ် တူးမြောင်းကို ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး သင်္ဘောတွေဟာ ဒီတူးမြောင်းကြောင့် ဂဒန့်စ်ခ် ပင်လယ်အော်ကိုဖြတ်ကာ ရုရှားရေပြင်ကိုရှောင်ရင်း ဘောလ်တစ်ပင်လယ်ဆီ ရောက်ရှိနိုင်ပါတယ်။
အင်္ဂလန်မှာ ကျင်းပနေတဲ့ အရေးကြီးတဲ့ ယူရို ၂၀၂၂ ဘောလုံးပြိုင်ပွဲအတွက် စပိန်အသင်းနဲ့ ဒိန်းမတ် အမျိုးသမီးအသင်းတွေ ဇူလိုင် ၁၅ ရက်က လေ့ကျင့်နေကြပါတယ်။
ဇူလိုင် ၁၆ ရက်ပွဲမှာ အနိုင်ရတဲ့အသင်းဟာ ကွာတားအဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။
စပိန်အသင်းမှာ ဒဏ်ရာရထားတဲ့ အလက်စီယာ ပူတယ်လက်စ် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
စပိန်နဲ့ ဒိန်းမတ်တို့ ပါဝင်နေတဲအုပ်စုဘီမှာ ဂျာမနီက အုပ်စုဗိုလ်ဖြစ်ပြီး စပိန်အသင်းဟာ ဇူလိုင် ၁၆ ရက်မှာ သရေကစားနိုင်ရင် ဒုတိယနေရာ ရရှိမှာ ဖြစ်ပါတယ်။