ယူရိုဘောလုံးပြိုင်ပွဲအတွက် စပိန်နှင့်ဒိန်းမတ်အမျိုးသမီးအသင်းများ လေ့ကျင့်

4
အင်္ဂလန်မှာ ကျင်းပနေတဲ့ အရေးကြီးတဲ့ ယူရို ၂၀၂၂ ဘောလုံးပြိုင်ပွဲအတွက် စပိန်အသင်းနဲ့ ဒိန်းမတ် အမျိုးသမီးအသင်းတွေ ဇူလိုင် ၁၅ ရက်က လေ့ကျင့်နေကြပါတယ်။
ဇူလိုင် ၁၆ ရက်ပွဲမှာ အနိုင်ရတဲ့အသင်းဟာ ကွာတားအဆင့်ကို တက်နိုင်မှာဖြစ်ပါတယ်။
စပိန်အသင်းမှာ ဒဏ်ရာရထားတဲ့ အလက်စီယာ ပူတယ်လက်စ် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
စပိန်နဲ့ ဒိန်းမတ်တို့ ပါဝင်နေတဲအုပ်စုဘီမှာ ဂျာမနီက အုပ်စုဗိုလ်ဖြစ်ပြီး စပိန်အသင်းဟာ ဇူလိုင် ၁၆ ရက်မှာ သရေကစားနိုင်ရင် ဒုတိယနေရာ ရရှိမှာ ဖြစ်ပါတယ်။