close

ဝက်စ်ဟမ်းနည်းပြ

close

September 4, 2022

VAR အပေါ် အယုံအကြည်မရှိတော့ဟု ဝက်စ်ဟမ်းနည်းပြမိုယက်စ် ဝေဖန်

ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မှာ ချေပဂိုး ပြန်လည်ပယ်ဖျက်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး VAR ဒိုင်လူကြီး တွေကို အယုံကြည်မရှိတော့ကြောင်း နည်းပြမိုယက်စ်က ဝေဖန်လိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပွဲချိန် မိနစ် ၉၀မှာ လူစားဝင်ကစားသမား ကော်နက်က ချေပဂိုးသွင်းခဲ့ပေမဲ့ အဲဒီမတိုင်ခင်မှာ ချဲလ်ဆီး ဂိုးသမားမန်ဒီကို ဘိုဝင်က ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်ဆိုပြီး ဂိုးကိုပယ်ဖျက်ခဲ့တာပါ။

နည်းပြမိုယက်စ်ရဲ့အမြင်မှာတော့ ပြစ်ဒဏ်ဘောမဖြစ်ဘဲ ဂိုးသမားမန်ဒီက ဒဏ်ရာရရှိသယောင် ဟန်ဆောင်ခဲ့တာဖြစ်ကြောင်း ဝေဖန်သွားပါတယ်။

မိုယက်စ်က “မန်ဒီဟာ ပထမပေးလိုက်ရတဲ့သွင်းဂိုးမှာလည်း ဒဏ်ရာရရှိ သယောင်ဟန်ဆောင်ခဲ့သေးတယ်။ ဝမ်းနည်းစရာကောင်းတာက ဒီလိုအထက်တန်းအလွှာအဆင့်မှာ ဒီလိုဒိုင်လူကြီးတွေရှိနေတာပါပဲ။ သူတို့မှာ လူသစ်တွေကို တာဝန်ပေးတာရှိတယ်။ ကျနော်ကတော့ သူတို့ကို အယုံအကြည်မရှိပါဘူး” လို့ပွဲအပြီးမှာ ဝေဖန်ပါတယ်။

ဒါ့အပြင် VAR ဒိုင်တွေအနေနဲ့ ကွင်းလယ်ဒိုင်ကို ကွင်းဘေးက တီဗီမော်နီတာဆီပြန် လည်ကြည့်ရှုခိုင်းတာကို အံ့အားသင့်မိကြောင်း၊ ဒိုင်လူကြီးအနေနဲ့ ရှင်းလင်းစွာမြင်ပြီးသား အခြေအနေကနေ VAR ကိုပြန်ကြည့်ပြီး သွင်းဂိုး ခွင့်မပြုခဲ့တာဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း မိုယက်စ်ကဝေဖန်သွားခဲ့ပါတယ်။ 

15 mins Ago

December 30, 2019

ဝက်စ်ဟမ်းနည်းပြအဖြစ် ဒေးဗစ်မိုယက်စ်ကို ခန့်အပ်

ဝက်စ်ဟမ်းအသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ ပယ်လီဂရီနီရဲ့နေရာမှာ ဒေးဗစ်မိုယက်စ်နဲ့ အစားထိုးလိုက်ပါတယ်။   မိုယက်စ်ဟာ  ဝက်စ်ဟမ်းအသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ၁၈ လစာချုပ်နဲ့ ရောက်ရှိလာတာပါ။   ဝက်စ်ဟမ်းအသင်းပိုင်ရှင် ဒေးဗစ်ဆူလီဗန်ကတော့ ပယ်လီဂရီနီဟာ လူကြီးလူကောင်းဆန် တဲ့ နည်းပြကောင်းတဦးဖြစ်ပေမဲ့ ရလဒ်ဆိုးတွေကြောင့် အပြောင်းအလဲတခု လိုအပ်တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတာလို့ ပြောပါတယ်။  ဝက်စ်ဟမ်းနည်းပြ ဖြစ်လာတဲ့ အသက် ၅၅ နှစ်အရွယ် မိုယက်စ်ဟာ အဲဗာတန်နဲ့ မန်ချက်စတာယူနိူက်တက်တို့မှာ တာဝန်ယူခဲ့ဖူးတဲ့အပြင်  ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတုန်းက လည်း ဝက်စ်ဟမ်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။  သူဟာ ဝက်စ်ဟမ်းကို ပွဲဦးထွက်အဖြစ် နှစ်သစ်ကူးနေ့မှာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ကို စတင် တာဝန်ယူရမှာ ဖြစ်ပါတယ်။ 
3 years Ago
Up