မော်လ်ဒိုဗာနိုင်ငံသမ္မတ မိုင်ယာဆန်းဒူဟာ အရင်အစိုးရအဖွဲ့နှုတ်ထွက်အပြီး နာရီပိုင်း အကြာမှာတင် သူရဲ့ ကာကွယ်ရေးဆိုင်ရာအကြံပေး ဒိုရင်းရီးဆန်ကို ဖေဖော်ဝါရီ ၁၀ ရက်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေကို လိုလားတဲ့ သမ္မတ မိုင်ယာဆန်ဒူ ကိုယ်တိုင် ဒီခန့်အပ်မှုကို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကြေညာခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့် ရီးဆန်းဟာ မော်လ်ဒိုဗာနိုင်ငံ လုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူးဖြစ်သလို ပြည်ထဲရေးဝန်ကြီးဟောင်း တဦးလည်း ဖြစ်ပါတယ်။
“အစိုးရအသစ်အနေနဲ့ နိုင်ငံရဲ့ လုံခြုံအဆင့်အတန်းမြင့်မားအောင် လုပ်ဆောင်ရမှာဖြစ်ပြီး ကမ္ဘာပေါ်က လွတ်လပ်တဲ့နိုင်ငံတွေကြားမှာ မော်လ်ဒိုဗာနိုင်ငံကို ထိန်းသိမ်းရမှာပါ။ စစ်ပွဲတွေနဲ့အတူ ထိတ်လန့်ကြောက်ရွံ့ရမှုတွေက အိမ်နီးချင်းနိုင်ငံတွေမှာ ရှိနေဆဲပါပဲ။ ဒါကြောင့် နိုင်ငံသားတွေရဲ့ စိုးရိမ်ကြောင့်ကြမှုက ကြီးမားနေဆဲဖြစ်တဲ့အတွက် ဒီအပေါ်မှာ အစိုးရအနေနဲ့ စေ့စပ်သေချာတဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ ရှင်းလင်းပြတ်သားတဲ့ သတင်းအချက်အလက်တွေနဲ့ အတူ ပြည်သူလူထုကို တုံ့ပြန်ရမှာဖြစ်ပါတယ်။ မော်လ်ဒိုဗာသမ္မတနိုင်ငံနဲ့ မိတ်ဖက်နိုင်ငံတွေကြားက ဆက်ဆံရေးကိုလည်း ပိုခိုင်မာအောင် ကြိုးပမ်းရမှာဖြစ်တယ်”လို့ သမ္မတက ပြောသွားပါတယ်။
ရီးဆန်းဘက်ကလည်း သူအနေနဲ့ မော်လ်ဒိုဗာနိုင်ငံအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ရီးဆန်းအစိုးရရဲ့ ဦးစားပေးမှုတွေထဲမှာ စည်းကမ်းရှိမှုနဲ့ အစီအစဉ်ကျနမှုတို့ အပါအဝင် စီပွားရေးဆိုင်ရာ လောကအသစ်တခုကို တည်ဆောက်ဖို့အပြင် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုတို့ ပါဝင်တယ်ဆိုပြီး ဝန်ကြီးချုပ်အသစ်က ဖြည့်စွက်ပြောပါတယ်။
မလေးရှားဘုရင် အယ်လ်ဆူလ်တန်အဗ်ဒူလာက နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို ဩဂုတ် ၁၇ ရက်က တွေ့ဆုံခဲ့ပြီး အများစုကို အမိန့်ပေးနိုင်မယ်လို့ သူ ယုံကြည်တဲ့ ဝန်ကြီးချုပ်တယောက် ခန့်အပ်မယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲတွေ ကျင်းပဖို့တော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဘုရင်က အရင်က ငြင်းပယ်ခဲ့ပါတယ်။
ဘုရင့်အမိန့်နဲ့အညီ မလေးရှားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ်အဖြစ် သူတို့ ဘယ်သူ့ကို ရွေးကြောင်း ဖော်ပြထားတဲ့စာကို နန်းတော်ထံ တင်ပြကြဖို့ ဩဂုတ် ၁၇ ရက်က ဆော်ဩထားပါတယ်။
မလေးရှားမှာ လွတ်လပ်ရေးရအပြီး နှစ် ၆၀ ကျော်ကြာတဲ့တိုင်အောင် မလေးရှားနိုင်ငံကို အုပ်ချုပ်နေခဲ့တဲ့ ညီညွတ်သော မလေးအမျိုးသားအစည်းအရုံး (UMNO) က အဂတိလိုက်စားမှု စွဲချက်တွေကြောင့် ၂၀၁၈ ခုနှစ်မှာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့အပြီး မလေးရှား နိုင်ငံရေးဟာ အပြောင်းအလဲတွေ အဆက်မပြတ် ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။