close

ဝါရှင်တန်ဒီစီ

close

November 20, 2022

အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်လှစ် 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန်ပြည်ထောင်စု၊ မြိုတော်ဝါရှင်တန်ဒီစီမြို့မှာဖွင့်လှစ်ထားတယ်လို့  NUG ကထုတ်ပြန်ကြေညာပါတယ်။ 

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရုံးကို အမေရိကန်ရောက် မြန်မာ အသိုက်အဝန်းနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ ဆိုပါတယ်။ 

ဝါရှင်တန်ရှိ NUG ရဲ့နိုင်ငံခြားရေးရုံးကနေ ဘာတွေရှေ့ဆက်လုပ်ဆောင်မယ်  ပြည်ပရောက်မြန်မာတွေအတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ 

ရုံးဖွင့်ပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုန်ကြီးဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်ရုံးတွေကို ယူကေ၊ ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာလည်း ဖွင့်လှစ်ထားပါတယ်။

Photo Credit- NUG

49 mins Ago

August 21, 2022

ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီသံရုံးရှေ့ ဆန္ဒပြ (ဓာတ်ပုံ)

အကျဉ်းထောင်ထဲမှာ ကြိုးပေးကွပ်မျက်ခံရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် သူရဲကောင်းတွေအတွက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကို  ဩဂုတ် ၂၀ ရက်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီသံရုံးရှေ့မှာ ကျင်းပပါတယ်။

မတရားမှုတွေအတွက် ဆန့်ကျင်ဆန္ဒပြပွဲကို အလင်းရောင်လူငယ်များအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး   “လူငယ့်ဆန္ဒ ပြည်သူ့ဆန္ဒ။ ပြည်သူ့ဆန္ဒ လူငယ့်ဆန္ဒ၊ မတရားမှုမှန်သမျှ အားလုံးဆန့်ကျင်ကြ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့  စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့  ၄ ယောက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အကျဉ်းထောင်ထဲတွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။

3 months Ago
Up