close

အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီတွင် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်လှစ် 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန်ပြည်ထောင်စု၊ မြိုတော်ဝါရှင်တန်ဒီစီမြို့မှာဖွင့်လှစ်ထားတယ်လို့  NUG ကထုတ်ပြန်ကြေညာပါတယ်။ 

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံး မိတ်ဆက်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့ပြီး အဆိုပါ ရုံးကို အမေရိကန်ရောက် မြန်မာ အသိုက်အဝန်းနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ကျင်းပခဲ့တာလို့ ဆိုပါတယ်။ 

ဝါရှင်တန်ရှိ NUG ရဲ့နိုင်ငံခြားရေးရုံးကနေ ဘာတွေရှေ့ဆက်လုပ်ဆောင်မယ်  ပြည်ပရောက်မြန်မာတွေအတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ 

ရုံးဖွင့်ပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုန်ကြီးဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကိုယ်စားလှယ်ရုံးတွေကို ယူကေ၊ ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာလည်း ဖွင့်လှစ်ထားပါတယ်။

Photo Credit- NUG

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up