close

ဝိုင်းမော်ရောင်စုံလူငယ်

close

May 30, 2021

CDM ပညာရေး၀န်ထမ်းများကို ဝိုင်းမော်ရောင်စုံလူငယ်များအဖွဲ့က ထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင် အာဏာဖီဆန် CDM ဝင်နေတဲ့ ပညာရေး၀န်ထမ်းတွေကို မေလ ၂၉ ရက်နေ့က ဝိုင်းမော်ရောင်စုံလူငယ်များအဖွဲ့က ထောက်ပံ့‌ကူညီထောက်ပံ့ခဲ့ပါတယ်။

အခုတစ်ခေါက်မှာတော့ CDM ဆရာဆရာမ ပညာရေး၀န်ထမ်း ၁၄ ယောက်အတွက် အခြေခံစားသောက်ကုန်တွေနဲ့ ငွေကြေး ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။

ရောင်စုံလူငယ်များအဖွဲ့ CYG ကို မသန်စွမ်းတွေ အပါအဝင်  လူမျိုးဘာသာပေါင်းစုံမှ လူငယ်တွေနဲ့ပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - CYG page

12 hours Ago

May 29, 2021

CDM ၀န်ထမ်းများကို ဝိုင်းမော်ရောင်စုံလူငယ်များ ထောက်ပံ့

စစ်အုပ်ချုပ်ရေးကို မလိုလားဘဲ CDM လုပ်‌နေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ၀န်ထမ်းတွေကို ဝိုင်းမော်ရောင်စုံလူငယ်များအဖွဲ့ CYG က  မေ ၂၈  ရက်နေ့မှာ အခြေခံစားသောက်ကုန် ကူညီထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်က ပညာရေး၀န်ထမ်း ၈ ဦး၊ ကျန်းမာရေး၀န်ထမ်း ၄ ဦးနဲ့ မြစ်ကြီးနားက ပညာရေး၀န်ထမ်း ၉ ဦး စုစုပေါင်း ၂၁ ယောက်အတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီတွေနဲ့ ငွေကြေးထောက်ပံ့လှူဒါန်း‌ခဲ့တာပါ။

ဝိုင်းမော်အခြေစိုက်ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရောင်စုံ လူငယ်များအဖွဲ့ Colourful Youths Group ကို စစ်အာဏာသိမ်းပြီးနောက် မတ် ၂၀  ရက်က စတင်တည်ထောင်ခဲ့ပြီး ဝိုင်းမော်နဲ့ မြစ်ကြီးနားရှိ ခက်ခဲဆင်းရဲတဲ့ ပြည်သူတွေနဲ့ CDM ၀န်ထမ်းတွေကို ကူညီထောက်ပံ့လှူဒါန်းနေတာ ဖြစ်ပါတယ်။

2 days Ago
Up