close

CDM ၀န်ထမ်းများကို ဝိုင်းမော်ရောင်စုံလူငယ်များ ထောက်ပံ့

စစ်အုပ်ချုပ်ရေးကို မလိုလားဘဲ CDM လုပ်‌နေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ၀န်ထမ်းတွေကို ဝိုင်းမော်ရောင်စုံလူငယ်များအဖွဲ့ CYG က  မေ ၂၈  ရက်နေ့မှာ အခြေခံစားသောက်ကုန် ကူညီထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့နယ်က ပညာရေး၀န်ထမ်း ၈ ဦး၊ ကျန်းမာရေး၀န်ထမ်း ၄ ဦးနဲ့ မြစ်ကြီးနားက ပညာရေး၀န်ထမ်း ၉ ဦး စုစုပေါင်း ၂၁ ယောက်အတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီတွေနဲ့ ငွေကြေးထောက်ပံ့လှူဒါန်း‌ခဲ့တာပါ။

ဝိုင်းမော်အခြေစိုက်ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရောင်စုံ လူငယ်များအဖွဲ့ Colourful Youths Group ကို စစ်အာဏာသိမ်းပြီးနောက် မတ် ၂၀  ရက်က စတင်တည်ထောင်ခဲ့ပြီး ဝိုင်းမော်နဲ့ မြစ်ကြီးနားရှိ ခက်ခဲဆင်းရဲတဲ့ ပြည်သူတွေနဲ့ CDM ၀န်ထမ်းတွေကို ကူညီထောက်ပံ့လှူဒါန်းနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up