close

ဝေဖန်မှု

close

March 17, 2023

အာနိုးလ်အပေါ် ဝေဖန်မှုများ မျှတမှုမရှိဟု အသင်းဖော်ရော်ဘတ်ဆန်ပြော

လီဗာပူးအသင်းဖော် အလက်ဇန္ဒားအာနိုးလ် အပေါ်ဝေဖန်မှုတွေဟာ မျှတမှုမရှိကြောင်း နောက်ခံလူ ရော်ဘတ်ဆန်ကကာ ကာကွယ်ပြောသွားပါတယ်။

ညာနောက်ခံလူအာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် နှစ်ကျော့က စွမ်းဆောင်ရည်အပေါ် ဝေဖန်ခံခဲ့ရသလို  အခုနှစ်တွေအတွင်းမှာ သူ့ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေများပြားလာခဲ့ပါတယ်။

အသင်းဖော် ရော်ဘတ်ဆန်ကတော့ နောက်ခံအစွန်ကစားသမားတိုင်းက ပြိုင်ဘက် တောင်ပံတိုက်စစ်မှူးတွေရဲ့ ကျော်ဖြတ်တာခံရဖူးသူတွေချည်းသာဖြစ်ပြီး အာနိုးလ်အပေါ်မှာတော့ တခြားသူတွေထက်ပိုပြီး အပြစ်ပြောတာခံရကြောင်း ပြောသွားခဲ့တာပါ။

ဝေဖန်သူတွေဟာလည်း အင်္ဂလိပ်ကစားသမားတွေကို အချိန်တိုအတွင်းမှာ အမွှန်းတင်လိုက်၊ ပြန်လည်ဆွဲချ လိုက်လုပ်နေကြပြီး အာနိုးလ်ဟာ မယုံကြည်နိုင်စရာကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ရော်ဘတ်ဆန်က ထောက်ခံအားပေးစကားဆိုသွားခဲ့ပါတယ်။ 

4 mins Ago

October 14, 2022

တိုက်စစ်မှူး အူဘာမီယန်း၏ ဝေဖန်မှုအပေါ် နည်းပြအာတီတာ ပြန်လည်တုံ့ပြန်

နာမည်ကြီးကစားသမားတွေကို ကိုင်တွယ်နိုင်စွမ်းမရှိဘူးလို့ တိုက်စစ်မှူးအူဘာမီယန်းရဲ့ ဝေဖန်မှုကို အာတီတာက ပြန်လည်တုံ့ပြန်သွားပါတယ်။

အခုနှစ်ရာသီလောက် စည်းလုံးညီညွတ်မှုရှိတဲ့ အဝတ်လဲခန်းကို အရင်တခါမှ မတွေ့ခဲ့ရကြောင်း နည်းပြအာတီတာက ပြန်လည် တုံ့ပြန်ခဲ့တာပါ။

ပျော်ရွှင်မှုတွေနဲ့ အလုပ်ပိုမိုကြိုးစားကြသလို အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေးဟာလည်း ဒီ နှစ် ရာသီက ပိုကောင်းပြီး ဒီလိုအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ရတာဟာ ဂုဏ်ကျေနပ်စရာ ကောင်းကြောင်း နည်းပြအာတီတာကပြောပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်မှာရှိစဉ်က စည်းကမ်းပိုင်းဆိုင်ရာပြဿနာတွေကြောင့် နည်းပြအာတီတာနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာပါ။

အဲဒီနောက် အခုနှစ်ရာသီမှာ အာဆင်နယ်ရဲ့ဒါဘီပြိုင်ဘက် ချဲလ်ဆီးအသင်း ဆီပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

5 months Ago
Up