close

ဝဲလ်ရှိုင်းယား

close

July 12, 2022

ကွင်းလယ်လူဟောင်း ဝဲလ်ရှိုင်းယားကို ယူ-၁၈ လူငယ်အသင်းနည်းပြချုပ်အဖြစ် အာဆင်နယ် ခန့်အပ်

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူဟောင်း ဂျက်ဝဲလ်ရှိုင်းယားကို ယူ-၁၈ လူငယ်အသင်းရဲ့ နည်းပြချုပ် အဖြစ်ခန့်အပ်လိုက်ပါတယ်။

ဝဲလ်ရှိုင်းယားဟာ အာဆင်နယ်အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး အသင်းမှာ ၁၇ နှစ်ကြာကစားခဲ့ပြီးနောက် ဝက်စ်ဟမ်း၊ ဘုန်းမောက်နဲ့ ဂရိကလပ် AGF အသင်းမှာ နောက်ဆုံးကစားခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသက် ၃ဝ အရွယ်နဲ့ ကစားသမားဘဝကနေ အနားယူခဲ့ရပြီးနောက်ပိုင်းမှာ အာဆင်နယ်က ယူ-၁၈ အသင်းနည်းပြချုပ်အဖြစ် တာဝန်ပေးခဲ့တာပါ။

လူငယ်တွေကို ပြုစုပျိုးထောင်ပြီး ကွင်းထဲမှာရော၊ ကွင်းပြင်ပမှာပါ အကောင်းဆုံးဖြစ်အောင် ကူညီပေးသွားမယ်လို့ ဝဲလ်ရှိုင်းယားက ပြောပါတယ်။

ဝဲလ်ရှိုင်းယာက"နည်းပြတစ်ဦးအနေနဲ့ တာဝန်ယူခွင့်ရတာဟာ ဂုဏ်ယူစရာအလွန်ကောင်းပါတယ်။ ဒီအသင်းကို ကျနော် ဘယ်လောက်အထိ ချစ်မြတ်နိုးသလဲဆိုတာ လျှို့ဝှက်နေစရာ မရှိပါဘူး။ ကျနော်ရဲ့ရပ်တည်မှုနဲ့ ကျနော့်ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတခုဖြစ်တဲ့ ဘဝရဲ့ အကောင်းဆုံးနေ့ရက်တချို့ကို ဒီအကယ်ဒမီမှာ ကုန်ဆုံးခဲ့တာဟာ နှစ်သက်စရာကောင်းပါတယ်။ ဒါက ကျနော့်အတွက် ကြီးမားတဲ့အခွင့်အရေးဖြစ်ပြီး ကျနော် အဆင်သင့်ဖြစ်နေပါပြီ။  ကျနော် ဆာလောင်နေပြီး ဒီလူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်ပြီးကွင်းထဲမှာရော ကွင်းပြင်ပမှာပါ အကောင်းဆုံးဖြစ်အောင် ကူညီပေးဖို့ မစောင့်နိုင်တော့ပါဘူး"လို့  ပြောပါတယ်။

ဝဲလ်ရှိုင်းယားဟာ အာဆင်နယ်အတွက် စိတ်အားထက်သန်မှုတွေရှိပြီး အကယ်ဒမီကနေတဆင့် အသင်းကြီးဆီကို ဘယ်လို တက်လှမ်းရမလဲဆိုတာ သိရှိသူဖြစ်ကြောင်း အကယ်ဒမီနည်းပြချုပ် မာတီဆက်ကာက ချီးကျူးခဲ့ပါတယ်။

13 mins Ago

December 2, 2020

အာဆင်နယ် တိုက်စစ်ပြဿနာကို အိုဇေးလ်က ဖြေရှင်းပေးနိုင်ဟု ဝဲလ်ရှိုင်းယား သုံးသပ်

အာဆင်နယ်အသင်းရဲ့ တိုက်စစ် ဂိုးမသွင်းနိုင်ဖြစ်နေသည့် ပြဿနာကို ကွင်းလယ်လူ အိုဇေးလ်က ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဂျက်ဝဲလ်ရှိုင်းယားက ပြောပါတယ်။ အိုဇေးလ်ဟာ အသင်းနဲ့ အဆင်မပြေဖြစ်နေတာကြောင့် ကစားခွင့်ရမယ့် လူစာရင်းမှာတောင် ထည့်သွင်းရွေးချယ်ခြင်း မရှိခဲ့တာပါ။  အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ဝဲလ်ရှိုင်းယားကတော့ အာဆင်နယ်အသင်း တိုက်စစ်ပိုင်းက အခက်အခဲကို အိုဇေးလ်က ဖြေရှင်းပေးနိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။  အာဆင်နယ်အသင်းဟာ အောက်တိုဘာလဆန်းကနေ လက်ရှိအချိန်အထိ Open Play ကနေ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။  အိုဇေးလ်က အသင်းရဲ့ ထိပ်တန်းကစားသမားဖြစ်ပြီး ဘောလုံးလက်ခံရယူပြီး တိုက်စစ်မှူးတွေ ဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ဆီကို အကောင်းဆုံးဖန်တီးမှုတွေ လုပ်ဆောင်နိုင်သူ ဖြစ်တယ်လို့ ဝဲလ်ရှိုင်းယားက ပြောပါတယ်။  အသင်းနဲ့ ပြဿနာကို သေချာမသိပေမယ့် တစ်ချိန်မှာ အဖြေရှာနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဝဲလ်ရှိုင်းယားက ပြောပါတယ်။  ၂၀၁၈ ခုနှစ်က အာဆင်နယ်ကနေ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဝဲလ်ရှိုင်းယားဟာ လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
2 years Ago
Up