close

သင်္ဘော

close

April 3, 2023

လျှိုမြောင်သုံးသွယ် ရေကာတာအတွင်း သင်္ဘောများ ဖြတ်သန်းမှု စံချိန်တင်

ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်တဲ့ တရုတ်နိုင်ငံရှိ လျှိုမြောင်သုံးသွယ် ရေကာတာကြီးထဲကနေ သင်္ဘောတွေ ဖြတ်သန်းသွားလာမှုဟာ ၂၀၂၃  ခုနှစ် ပထမသုံးလပတ်မှာ စံချိန်သစ်တင်ခဲ့တယ်လို့ တရုတ်ရေလမ်းကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်မှာရှိတဲ့ ဒီရေကာတာ ပေါ်ကနေ အခုနှစ် ပထမ သုံးလအတွင်း စုစုပေါင်း ကုန်စည် တန်ချိန် သန်း ၄၀ နီးပါး သယ်ယူပို့ဆောင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၂ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။

ကာလတူမှာ ကုန်စည်အများဆုံး သယ်ယူနိုင်တဲ့ ပမာဏအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ စီစီတီဗီ သတင်းဌာနက သတင်းထုတ်ပါတယ်။

ဒီစီမံကိန်းကို လွန်ခဲ့တဲ့နှစ် ၂၀ ကစပြီးအကောင်အထည်ဖော်ခဲ့ပြီး ဒီဆည်မှာ ဘက်စုံသုံး ရေထိန်းချုပ်မှုစနစ်သုံးထားကာ ရေလမ်းခွင့်ပြုပေးတဲ့အပြင် စွမ်းအင် ကီလိုဝပ် ၂၂ သန်းခွဲ  ထုတ်လွှတ်နိုင်ပါတယ်။

ဩအရှေ့ဘက်ကမ်းရိုးတန်းမြို့ ရှန်ဟိုင်းမြို့ကနေ အနောက်တောင်ဘက် ကုန်းတွင်းပိုင်းက ချုံချင်းမြို့ထိ ကုန်စည်တွေကို ပို့ဆောင်ပေးနိုင်ပါတယ်။

တပြိုင်တည်းမှာဒေသတွင်း စီးပွားရေးတက်ကြွမှုအတွက် အရေးကြီးတဲ့ ညွှန်ပြချက်ဖြစ်တဲ့ ယန်ဇီမြစ်တစ်ခုလုံးရဲ့ နှစ်စဉ်ကုန်တင် စီးဆင်းမှုဟာလဲ တန်ချိန်  ၃ ဘီလီယံခွဲ အထိရောက်ခဲ့ပါတယ်။

ယန်ဇီမြစ်ဟာ ကမ္ဘာ့ရေကြောင်းလမ်းတွေထဲမှာ ကုန်စည်စီးဆင်းမှု ပထမအဆင့် နေရာမှာ ၁၈ နှစ်ဆက်တိုက် ရပ်တည်ခဲ့ပါတယ်။

14 mins Ago

February 5, 2023

အီတလီကမ်းခြေစောင့်တပ်ဖွဲ့ ကယ်ခဲ့သည့်သင်္ဘောပေါ်တွင် ရွှေပြောင်း ၈ ဦး သေဆုံး

အီတလီနိုင်ငံတောင်ပိုင်း၊ လမ်ပီဒူဆာကျွန်းရဲ့ ကမ်းလွန်တစ်နေရာမှာ အီတလီကမ်းခြေစောင့် တပ်ဖွဲ့က ကယ်တင်ခဲ့တဲ့ သင်္ဘောပေါ်မှာ ရွှေ့ပြောင်းအခြေချသူ ၈ ဦးကို သေဆုံးလျက်သား တွေ့ခဲ့ရပြီး ၂ ဦး ပျောက်ဆုံးနေဆဲလို့ အစိုးရရှေ့နေ တဦးက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။ 

ဒီရွှေ့ပြောင်းအခြေချသူ အယောက် ၄၀ ကို သင်္ဘောတစ်စင်းတည်းပေါ်က ကယ်တင်ခဲ့တာဖြစ်ပြီး သူတို့ကို စစ္စလီကျွန်းတောင်ပိုင်းမှာရှိတဲ့ လမ်ပီဒူဆာကျွန်းပေါ်က အဓိကဆိပ်ကမ်းတခုဆီ ခေါ်သွားတာလို့ ANSA သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ 

အီတလီအာဏာပိုင်တွေက နောက်ထပ်လူ ၁၅၆ ဦး လိုက်ပါစီးနင်းလာတဲ့ ဒုက္ခသည်လှေ ၃ စင်းကိုလည်း လမ်ပီဒူဆာကျွန်းရှိရာဆီ အစောင့်အကြပ်အဖြစ် လိုက်ပါပို့ဆောင်ခဲ့ပါသေးတယ်။

အီတလီနိုင်ငံက လမ်ပီဒူဆာကျွန်းဟာ ဥရောပကို ရောက်ရှိဖို့ ကြိုးစားနေသူတွေအတွက် အဓိကဝင်ပေါက်နေရာတွေထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ 

အီတလီနိုင်ငံမှာ အာဖရိကမြောက်ပိုင်းက ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအခြေချသူ ဝင်ရောက်မှု မြင့်တက်လာခြင်းနဲ့ ရင်ဆိုင်နေရသလို ၂၀၂၂ ခုနှစ်မှာ ရွှေ့ပြောင်းအခြေချသူပေါင်း ၁သိန်းကျော်က ပင်လယ်ထဲကတဆင့် အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။ 

2 months Ago
Up