ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မေ ၂၀ ရက် ညနေပိုင်းက မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် မြို့တွင်းနေရာတော်တော်များများမှာ သစ်ပင်တွေလဲကျပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။
ကုန်းတွင်းမုန်တိုင်းငယ်ဟာ မေလ ၂၀ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လေပြင်းနဲ့အတူ မိုးရွာသွန်းခဲ့ရာ သစ်ပင်ကြီးတွေပါလဲကျခဲ့တဲ့အတွက် လျှပ်စစ်မီးတွေပြတ်တောက်ခဲ့သလို ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဘားအံမြို့ခံတစ်ဦးက”သစ်ပင်ကြီးတချို့ လျှပ်စစ်မီးတိုင်တွေပေါ် လဲကျခဲ့တယ်။ လေပြင်းတိုက်ခိုက်ခဲ့တဲ့ ညနေပိုင်းကစတင်ပြီး ဘားအံမြို့မှာ လျှပ်စစ်မီးပြတ်တောက်တာ အခုထိပဲ။ လူတွေတော့ ထိခိုက်မှုရှိတာ မကြားဘူး”လို့ ပြောပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)တာဝန်ရှိသူတစ်ဦးက “မြို့ရဲ့ နေရာတော်တော်များများ သစ်ပင်တွေလဲတယ်။ တချို့နေရာတွေမှာ မီးတိုင်တွေပေါ်နဲ့ ကားလမ်းတွေပေါ်လဲကျတော့ လမ်းတွေမပိတ်အောင် အရင်ရှင်းလင်းနေရတယ်။ မနေ့တည်းက ရှင်းနေတာ ဒီနေ့အထိ မပြီးသေးဘူး”လို့ ဆိုပါတယ်။
အခု လေပြင်းတိုက်ခိုက်မှုနဲ့အတူ သစ်ပင်တွေလဲကျရာမှာ လူတွေထိခိုက်မှုမရှိသလို လူအိမ်တွေထိခိုက်မှုမရှိကြောင်း ဒီနှစ်အစ တစ်ရက်တည်း သစ်ပင်လဲကျရှင်းလင်းရာမှာ မနှစ်က မိုးရာသီတစ်နှစ်လုံးစာထက် ပိုရှင်းရှင်းလင်းနေရတယ်လို့ ဆိုပါတယ်။
လေပြင်းတိုက်ခိုက်မှုကြောင့် ထွန့်ပတိုင်ရေကန်အနီး၊ ကော့ဝုန်းဘောလုံးကွင်းအရှေ့၊ အထက(၂)ကျောင်းဝင်းအတွင်း၊ လမ်းဂွ မဲဘောင်ကျောင်းအရှေ့၊ ရေကျော် CB Bank အရှေ့ ၊ ကောလိပ်အရှေ့နဲ့ သံလွင်အရှေ့ခြမ်း မြိုင်ကလေးကျေးရွာဘက် (ဘားအံ-ရန်ကုန်) ကားလမ်းဘေးတွေမှာပါ သစ်ပင်တွေ လဲကျခဲ့ပါတယ်။
ယာဉ်ကြော မပိတ်ဆို့ လဲကျနေတဲ့ သစ်ပင်ကြီးတွေကို ဖြတ်တောက် ရှင်းလင်းရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ (ဘားအံခရိုင်)က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။
မုန်းတိုင်းကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့၊ မြဝတီစတဲ့ မြို့နယ်တွေမှာလည်း သစ်ပင်တွေလဲကျတာ တွေရှိခဲ့ပါတယ်။
အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်ဟာ ဒီကနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်းကိုဝင်ရောက်ပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးလို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
လူတွေကြောင့် လေထု၊ သမုဒ္ဒရာနဲ့ ကုန်းမြေပါ ပူနွေးလာပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့ အသိသာဆုံး ဆောင်ရွက်မယ်ဆိုရင်တောင် ကမ္ဘာကြီး ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် ပူနွေးလာမယ့်ဘေးကို ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့က သြဂုတ် ၉ ရက်မှာ အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ဒီအပူချိန်ပြောင်းလဲမှုဟာ အစွန်းရောက်ရာသီဥတုတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာတွေ ဖြစ်စေနိုင်ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ်ကတော့ အစီရင်ခံစာထဲမှာပါတဲ့ ကြောက်စရာ သတိပေးချက်တွေကို လိုက်နာဖို့ သူ့နိုင်ငံသားတွေကို တိုက်တွန်းခဲ့တဲ့အပြင် သူ့နိုင်ငံအတွင်း လေထုညစ်ညမ်းနေတဲ့ မြို့တွေကို လေသန့်ပေးဖို့ သစ်ပင် ၁၀ ဘီလီယံ စိုက်ဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။
ဝန်ကြီးချုပ်ကတော့ ကမ္ဘာ့အကြီးဆုံး မြို့ပြသစ်တောစီမံကိန်းကို အကောင်အထည်ဖော်မယ်လို့ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မှတ်ချက်ပြု ပြောခဲ့တာပါ။
ဂျပန်ရုက္ခဗေဒပညာရှင် အာ့ခိရမိယာဝါခိရဲ့ နည်းလမ်းကို သုံးပြီး ၁၂ ဒသမ ၅ ဧကမှာ သစ်ပင် ၁၆၅,၀၀၀ ကျော် စိုက်နိုင်ပါတယ်။ မိယဝါ့ခိ နည်းပညာနဲ့ အပင်တွေကို နီးနီးကပ်ကပ် စိုက်ခဲ့ရင် အပင်တွေဟာ ပုံမှန်ထက် ဆယ်ဆ ပိုမြန်မြန်ကြီးထွားမယ်လို့ မျှော်လင့်ထားကြောင်း တာဝန်ရှိတွေက ပြောကြပါတယ်။
လူဦးရေ ၁၀ သန်းရှိတဲ့ လာဟိုးမြို့မှာ ဒီသစ်တောမျိုး ၅၃ ခုရှိပြီး မြို့ထဲက ထွက်သမျှ ကာဗွန် ပါတဲ့ ဓာတ်ငွေ့တွေကို စုပ်ယူရာမှာ အလုပ်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။
လာဟိုးမြို့ဟာ လတ်တလောနှစ်တွေအတွင်း မီးခိုးမြူထူတွေကြောင့် ကျောင်းတွေကို ပိတ်ခဲ့ရသလို ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့တွေထဲက တမြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရပါတယ်။