close

သမုဒ္ဒရာ

close

April 19, 2022

သမုဒ္ဒရာထဲက ရွှေပြောင်းနေထိုင်သူ ၆၀ ကျော်ကို စပိန်ကမ်းခြေစောင့်တပ် ကယ်ဆယ်

စပိန်နိုင်ငံ၊ ကာနာရီကျွန်းတွေရဲ့ ကမ်းလွန်မှာရှိတဲ့ အတ္တလန္တိတ်သမုဒ္ဒရာ ထဲကနေ ရွှေ့ပြောင်းနေထိုင်သူ ၆၁ ယောက်ကို စပိန် ကမ်းရိုးတန်းစောင့်တပ်က ဧပြီ ၁၈ ရက်က ကယ်ဆယ်ခဲ့ပါတယ်။

အမျိုးသမီး ၃၁ ယောက်နဲ့ အမျိုးသား ၂၁ ယောက်အပြင် ကလေး ၉ ယောက်ကို အရေးပေါ်ဌာနရဲ့ အကူအညီနဲ့ ဂရန်းကာနာရီယာ ကျွန်းပေါ်က အာဂွေနေဂွင် ဆိပ်ကမ်းဆီ လွှဲပေးခဲ့တာပါ။

ဧပြီ ၁၅ ရက်ထိ ကာနာရီ ကျွန်းစုဆီကို ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၆၃၅၉ ယောက် ရှိပြီလို့ နောက်ဆုံးရ တရားဝင် ကိန်းဂဏန်းတွေက ပြထားပါတယ်။ မနှစ်က အလားတူ အချိန်မှာ ရောက်လာတဲ့ လူဦးရေက ၃၉၈၀ ဦးပဲ ရှိတာပါ။

အာဖရိကတိုက်အနောက်ပိုင်း ကမ်းလွန်ပင်လယ်မှာရှိတဲ့ ကာနာရီကျွန်းစုဟာ ဥရောပကို ရောက်ဖို့ ကြိုးစားတဲ့ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စပိန်နိုင်ငံထဲက အဓိက ပန်းတိုင် ဖြစ်လာနေပါတယ်။

၂၀၂၁ဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လာရောက်သူ အများဆုံးနှစ် ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန သတင်းအချက်အလက်တွေက ဆိုထားပါတယ်။

16 mins Ago

July 27, 2020

ထိုင်ဝမ်တွင် ဇိမ်ခံသင်္ဘောခရီးစဉ် ပြန်စ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း ခရီးသွားလုပ်ငန်းတွေ ရပ်နေပေမဲ့ ထိုင်ဝမ်ကတော့ သမုဒ္ဒရာအတွင်း ဇိမ်ခံသင်္ဘောစီးတဲ့ ခရီးစဉ်ကို ဇူလိုင် ၂၆ရက်မှာ ပြန်လည် စတင်လိုက်ပါတယ်။ ထိုင်ဝမ်မြောက်ပိုင်း ကျိလွန်ဆိပ်ကမ်းကနေ ထွက်လာတဲ့ ဟောင်ကောင်အခြေစိုက် Explorer Dream ဇိမ်ခံသင်္ဘောပေါ်မှာ အားလပ်ရက် အပန်းဖြေခရီးထွက်သူ အယောက် ၉၀၀ လောက် ပါပါတယ်။ သူတို့ဟာ ရောဂါ ဘေးကင်းရေးလုပ်ဆောင်ချက်အသစ်တွေကို လိုက်နာ နေကြပါတယ်။ ထိုင်ဝမ်ကနေ ရှုခင်းသာကျွန်းတွေဖြစ်တဲ့ ဖုံးဟူ ၊ ကျိမုံနဲ့ မားဇစ်ကျွန်းတွေဆီကို သွားလည်တဲ့ ငါးရက်ကြာခရီးစဉ်ကို ကုမ္ပဏီက စီစဉ်ထားပါတယ်။ ကပ်ရောဂါဘေးအတွင်း နိုင်ငံခြားမသွားရတဲ့ လူတွေရဲ့ခရီးသွားချင်တဲ့ ဆန္ဒကို ပြည့်ဝစေ နိုင်တယ်လို့ ဇိမ်ခံသင်္ဘောလိုင်းရဲ့အရောင်းမန်နေဂျာက ပြောပါတယ်။ ဒီသင်္ဘောပေါ်မှာ အများဆုံးလက်ခံနိုင်တဲ့ ခရီးသည်အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံသာ လိုက်ပါဖို့ ကန့်သတ်ထားပြီး တကယ်လို့ ခရီးသည် တယောက်ယောက် ဖျားနာခဲ့ရင် သီးခြားခွဲထားဖို့ ကိုဗစ်-၁၉  လူနာခန်း ၂၂ခန်းကို ပစ္စည်း အပြည့်အစုံ တပ်ဆင် ပြင်ဆင်ထားပါတယ်။  ခရီးမထွက်ခင် သင်္ဘောဝန်ထမ်း အယောက် ၅၀၀ ကို ၂၁ ရက်ကြာ ကျန်းမာရေးစစ်ဆေး စောင့်ကြည့်ထားပြီး ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေဟာ ပါးစပ်နှာခေါင်းစည်းတွေနဲ့ လက်အိတ်တွေကို ဝတ်ရမှာပါ။ ဘူဖေးအဝစားဝန်ဆောင်မှုမပေးတော့သလို သင်္ဘောပေါ်က လောင်းကစားရုံနဲ့ အနှိပ်ခန်းတွေကိုလည်း ပိတ်ထားပါတယ်။  စားသောက်ဆောင်က စားပွဲတွေကိုလည်း မျက်နှာပြင်တွေနဲ့ ပိုင်းခြားထားပါတယ်။ ထိုင်ဝမ်ဟာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကို အချိန်မီ ထိရောက်တဲ့ ဟန့်တားမှုတွေနဲ့ ကောင်းကောင်း ကိုင်တွယ်ခဲ့လို့ ကူးစက်ခံအတည်ပြုလူနာ ၁၁ ယောက်သာ ရှိခဲ့ပြီး အချိန်၃ လကျော်အတွင်း ပြည်တွင်း ကူးစက်ခံ တယောက်မှ မရှိခဲ့ပါဘူး။ 
2 years Ago
Up