သမုဒ္ဒရာထဲက ရွှေပြောင်းနေထိုင်သူ ၆၀ ကျော်ကို စပိန်ကမ်းခြေစောင့်တပ် ကယ်ဆယ်

စပိန်နိုင်ငံ၊ ကာနာရီကျွန်းတွေရဲ့ ကမ်းလွန်မှာရှိတဲ့ အတ္တလန္တိတ်သမုဒ္ဒရာ ထဲကနေ ရွှေ့ပြောင်းနေထိုင်သူ ၆၁ ယောက်ကို စပိန် ကမ်းရိုးတန်းစောင့်တပ်က ဧပြီ ၁၈ ရက်က ကယ်ဆယ်ခဲ့ပါတယ်။
အမျိုးသမီး ၃၁ ယောက်နဲ့ အမျိုးသား ၂၁ ယောက်အပြင် ကလေး ၉ ယောက်ကို အရေးပေါ်ဌာနရဲ့ အကူအညီနဲ့ ဂရန်းကာနာရီယာ ကျွန်းပေါ်က အာဂွေနေဂွင် ဆိပ်ကမ်းဆီ လွှဲပေးခဲ့တာပါ။
ဧပြီ ၁၅ ရက်ထိ ကာနာရီ ကျွန်းစုဆီကို ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၆၃၅၉ ယောက် ရှိပြီလို့ နောက်ဆုံးရ တရားဝင် ကိန်းဂဏန်းတွေက ပြထားပါတယ်။ မနှစ်က အလားတူ အချိန်မှာ ရောက်လာတဲ့ လူဦးရေက ၃၉၈၀ ဦးပဲ ရှိတာပါ။
အာဖရိကတိုက်အနောက်ပိုင်း ကမ်းလွန်ပင်လယ်မှာရှိတဲ့ ကာနာရီကျွန်းစုဟာ ဥရောပကို ရောက်ဖို့ ကြိုးစားတဲ့ရွှေ့ပြောင်းနေထိုင်သူတွေအတွက် စပိန်နိုင်ငံထဲက အဓိက ပန်းတိုင် ဖြစ်လာနေပါတယ်။
၂၀၂၁ဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လာရောက်သူ အများဆုံးနှစ် ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန သတင်းအချက်အလက်တွေက ဆိုထားပါတယ်။