close

သမ္မတပူတင်

close

December 4, 2022

ရုရှားနျူလက်နက်များနှင့် တူညီသည့်လက်နက်မရှိဟု သမ္မတပူတင်ပြော

ရုရှားရဲ့ နျူကလီးယားလက်နက် အများအပြားဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ ထပ်တူ မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံပိုင် ရိုဆာတွန်မ် နျူကလီးယားစွမ်းအင်ကုမ္ပဏီ တည်ထောင်ခြင်း ၁၅ နှစ်မြောက် အထိမ်းအမှတ် ဗီဒီယိုမိန့်ခွန်းမှာ ပူတင်က ခုလို မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။

ကမ္ဘာပေါ်မှာရှိတဲ့ တခြားနျူကလီးယားစွမ်းအင်ထုတ်လုပ်သူတွေနဲ့ ယှဉ်ပြိုင်ရာမှာ ရုရှားကုမ္ပဏီဟာ ရုရှားကို ခိုင်မာတဲ့လက်ကို ပေးခဲ့တယ်လို့လည်း ပူတင်က ပြောပါတယ်။

ရိုဆာတွန်မ်ဟာ ကုန်းတွင်းကနေ ပစ်လွှတ်တဲ့ နျူကလီးယားဒုံးကျည်တွေ၊ နျူကလီးယားဒုံးကျည် လက်နက်သုံး ရေငုပ် သင်္ဘောတွေ၊  နျူကလီးယားဗုံးတွေနဲ့ ဒုံးကျည်တွေပါတဲ့ မဟာဗျူဟာမြောက် လေယာဉ်တွေပါတဲ့ ရုရှားနျူကလီးယားစစ်တပ် ဖွဲ့စည်းပုံမှာ နည်းပညာအသစ်တွေကို တီထွင်နေပါတယ်။

3 mins Ago

November 27, 2022

ရုရှားစစ်သည်များ၏မိခင်များကို သမ္မတပူတင် တွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းနိုင်ငံအတွင်း တိုက်ပွဲဝင်နေတဲ့ ရုရှားစစ်သားတွေရဲ့ မိခင်တွေနဲ့  နိုဝင်ဘာ ၂၅ ရက်က တွေ့ဆုံခဲ့ပါတယ်။

သူနဲ့ ရုရှားခေါင်းဆောင်တွေအားလုံးက မိခင်တွေရဲ့ ဝေဒနာတွေကို မျှဝေခံစား ခဲ့ကြတယ်လို့ စစ်သည်တွေရဲ့ မိခင်တွေကို ပြောခဲ့ပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် နှစ်ဘက်တပ်သား ထောင်ပေါင်းများစွာ သေဆုံး ဒဏ်ရာရခဲ့တယ်လို့  အမေရိကန်ပြည်ထောင်စုက ပြောထားပါတယ်။ 

ယူကရိန်းနိုင်ငံဆီ ရုရှားစစ်သည် ထောင်ချီစေလွှတ်မှုဟာ ၁၉၆၂ ကျူးဘားဒုံးကျည် အကျပ်အတည်းနောက်ပိုင်း ရုရှားအစိုးရနဲ့ အနောက်အုပ်စုတို့ကြား အကြီးမားဆုံး ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ခဲ့ပါတယ်။ 

လက်ဖက်ရည်၊ ကိတ်မုန့်နဲ့ ဘယ်ရီသီးအချိုပန်းကန်တွေ ပါတဲ့ စားပွဲဝိုင်းမှာ ပူတင်ဟာ မိခင်အုပ်စုနဲ့အတူ ထိုင်ရင်း သားဆုံးရှုံးခဲ့ရသူတွေရဲ့ ဝေဒနာကို ရုရှားအစိုးရက မျှဝေခံစားတဲ့အကြောင်း ပြောပါတယ်။

“ကျနော် ကိုယ်တိုင်ရော၊ နိုင်ငံ့ခေါင်းဆောင်ပိုင်း တစ်ခုလုံးပါ ခင်ဗျားတို့ရဲ့ နာကျင်မှုကို မျှဝေခံစားရတယ်ဆိုတာ ခင်ဗျားတို့ကို သိစေချင်ပါတယ်”လို့ ပူတင်က ပြောပါတယ်။

"အထူးသဖြင့် မိခင်တစ်ယောက်အတွက် သားတစ်ယောက်ဆုံးရှုံးတာကို ဘယ်အရာကမှ အစားမထိုးနိုင်ဘူးဆိုတာ ကျနော်တို့ နားလည်ပါတယ်"လို့ ပူတင်က အသက်ပြင်းပြင်းရှူရင်း မကြာခဏ လည်ချောင်းကို ရှင်းထုတ်ရင်း ပြောခဲ့ပါတယ်။

မိခင်တွေက ပူတင်ရဲ့ မှတ်ချက်စကားကို နားထောင်ခဲ့ပေမဲ့ သမ္မတကိုပြောတဲ့ သူတို့ ကိုယ်ပိုင် မှတ်ချက်တွေကို အသံသွင်းထားတဲ့ ရုပ်သံဖိုင်ကိုတော့ ရုပ်သံမှာ ချက်ချင်း မပြသခဲ့ပါဘူး။

ယူကရိန်းအပေါ် ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ပွဲကို စတင်ခဲ့တဲ့အတွက် နောင်တရစရာ မရှိဘူးလို့ ပူတင်က ပြောခဲ့ပါတယ်။  

7 days Ago
Up