ရုရှားနျူလက်နက်များနှင့် တူညီသည့်လက်နက်မရှိဟု သမ္မတပူတင်ပြော

ရုရှားရဲ့ နျူကလီးယားလက်နက် အများအပြားဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ ထပ်တူ မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံပိုင် ရိုဆာတွန်မ် နျူကလီးယားစွမ်းအင်ကုမ္ပဏီ တည်ထောင်ခြင်း ၁၅ နှစ်မြောက် အထိမ်းအမှတ် ဗီဒီယိုမိန့်ခွန်းမှာ ပူတင်က ခုလို မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။
ကမ္ဘာပေါ်မှာရှိတဲ့ တခြားနျူကလီးယားစွမ်းအင်ထုတ်လုပ်သူတွေနဲ့ ယှဉ်ပြိုင်ရာမှာ ရုရှားကုမ္ပဏီဟာ ရုရှားကို ခိုင်မာတဲ့လက်ကို ပေးခဲ့တယ်လို့လည်း ပူတင်က ပြောပါတယ်။
ရိုဆာတွန်မ်ဟာ ကုန်းတွင်းကနေ ပစ်လွှတ်တဲ့ နျူကလီးယားဒုံးကျည်တွေ၊ နျူကလီးယားဒုံးကျည် လက်နက်သုံး ရေငုပ် သင်္ဘောတွေ၊ နျူကလီးယားဗုံးတွေနဲ့ ဒုံးကျည်တွေပါတဲ့ မဟာဗျူဟာမြောက် လေယာဉ်တွေပါတဲ့ ရုရှားနျူကလီးယားစစ်တပ် ဖွဲ့စည်းပုံမှာ နည်းပညာအသစ်တွေကို တီထွင်နေပါတယ်။