close

သာသနာ့ဗိမာန်

close

September 4, 2022

စစ်ရှောင်များလာသဖြင့် မောင်တောမြို့ သာသနာ့ဗိမာန်၌ စခန်းသစ်ဖွင့်လှစ်

ရခိုင်ပြည်နယ် မောင်တောမြို့က သာသနာ့ဗိမာန်တော်ကြီးမှာ စစ်ဘေးရှောင်စခန်းတခုကို စက်တင်ဘာ  ၄ ရက်နေ့လယ်ပိုင်းမှာ စဖွင့်လိုက်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းအေးသိန်းက “မနက်ဖြန်မှ ဖွင့်မလို့ပါ။ စစ်ဘေးရှောင်တွေ အစုအပြုံလိုက် ရောက်လာတော့ လက်မခံလို့ မရတော့ဘူး။ ၂၀၁၆ ခုနှစ်က အရေးပေါ်ကူညီထောက်ပံ့ရေး (မောင်တော)ကို နောက်လူတွေ အစားထိုးဖွဲစည်းတာပါ။  အလှူရှင်တွေ ကတော့ လာလှူဒါန်းကြတယ်။ စစ်ဘေးရှောင်များလာရင်တော့ အကူအညီတွေ  လိုအပ်လာမယ်” လို့ ပြောပါတယ်။

လက်ရှိ မောင်တောသာသနာ့ဗိမ္မာန်စစ်ဘေးရှောင်စခန်းမှာ မောင်တောမြို့နယ်မြောက်ပိုင်းက မင်္ဂလာညွှန့်၊ ရေနောက်ငါးသား၊ တမန်းသားစတဲ့ကျေးရွာတွေက စစ်ဘေးရှောင် ၁၀၀ ခန့် ရောက်နေတယ်လို့ စခန်းအမှုဆောင် တဦးက ပြောပါတယ်။

“လောလောဆယ် သူတို့ စားသောက်ရေးအတွက် ရပ်ကွက်တွေက ထမင်းထုတ်တွေ ကောက်ပြီး ကျွေးမွေးထားရတယ်။ စစ်ဘေးရှောင်တွေ နောက်ထပ်ရောက်လာဖို့ ရှိနေတယ်။”

သြဂုတ် ၃၁ ရက်  မနက်ပိုင်းက ဘင်္ဂလာ-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီရဲ့ နယ်ခြားမှတ်တိုင် အမှတ် ၄၀ စခန်းကို အေအေသိမ်းပိုက်ပြီးနောက် မောင်တောမြောက်ပိုင်းဒေသကို စစ်ကောင်စီက စစ်ဆင်ရေးလုပ်ကာ တိုက်လေယာဥ်တွေနဲ့ နေစဥ်ရက်ဆက်တိုက်ခိုက်နေတဲ့အတွက် ကျေးရွာ ၃၀ ကျော်က ဝန်ထမ်းတွေနဲ့ ရွာသား ၂၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးလာကြတာပါ။

ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ မောင်တောမြို့ပေါ်က ဆွေမျိုးတွေနဲ့ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်အစရှိတဲ့မြို့တွေကို ထွက်ပြေးခိုလှုံနေကြရသလို ဆွေးမျိုးမရှိတဲ့ ဒုက္ခသည် ၁၀၀၀ လောက်ကတော့ မောင်တော ၃ မိုင်ပရဟိတ္တကျောင်း၊ ရွှေတောင်ကျေးရွာ၊ ရွှေရင်အေးကျေးရွာ၊ အောင်ဗလဘုန်းတော်ကြီး​ကျောင်းတွေမှာ စစ်ဘေး ခိုလှုံ နေကြရတာပါ။

11 hours Ago

August 8, 2020

ဘားအံသမိုင်းဝင်ဘောလုံးကွင်းမြေနေရာ သာသနာ့ဗိမာန်တော်တည်ဆောက်မည့်အပေါ် ကန့်ကွက်

ကရင်ပြည်နယ်၊ ဘားအံမြို့ သမိုင်းဝင်ဘောလုံးကွင်းမြေနေရာ တချို့ကို သာသနာ့မြေအဖြစ်လွှဲပြောင်းပြီး သာသနာ့ဗိမာန်တော်တည်ဆောက်ခွင့်ပြုတာနဲ့ပတ်သက်ပြီး သဘောမတူကန့်ကွက်သလို ပြည်ထောင်စုအဆင့်ထိ တင်ပြသွားမယ်လို့ မြို့မဘောလုံးကွင်း လူထုလက်ဝယ်ပြန်လည်ရရှိရေး ကြိုးပမ်းမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ရွှေက ဒီဗွီဘီကို ပြောပါတယ်။ ဘားအံမြို့၊ အမှတ် ၃ ရပ်ကွက် မြို့မြေဂရန်အမည်ပေါက် ဧရိယာ ၂ ဒသမ ၅၅၆ ဧကထဲက မြေဧရိယာ ၀ ဒသမ ၉၂၇ ဧကကို သာသနာ့ဗိမာန်တော်တည်ဆောက်ဖို့ ပြည်နယ်အစိုးရက ခွင့်ပြုပေးလိုက်တာနဲ့ပတ်သက်ပြီး အခုလိုပြောဆိုလိုက်တာပါ။ "အစိုးရ မလုပ်သင့်မလုပ်ထိုက်ဘူး။ ဒါကြောင့်မို့ ဒီကွင်းနဲ့ပတ်သက်ပြီး သာသနာ့ အဆောက်အဦ ဆောက်မယ့်ဆိုရင် ကန့်ကွက်ဖို့ရှိတယ်။ ဒီကွင်းပြန်လည်ရရှိရေး ပြည်ထောင်စုအစိုးရအထိ တင်ပြဖို့ အစီအစဉ်ရှိတယ်။ လက်ရှိအစိုးရ လုပ်ဆောင်ချက်ကို သဘောမတူဘူး ကန့်ကွက်တယ်ဆိုတာ အလေးအနက်ပြောလိုတယ်။” ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဘဒ္ဒန္တဉတ္တက "လာမယ့်နှစ်တွေမှာ သံဃာတော်တွေ စိတ်ချမ်းချမ်းသာသာ ကိုယ်ချမ်းသာနဲ့ အဆင်ပြေချောမွေ့အောင် စာပေကဏ္ဍတွေ၊ စာမေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် လိုအပ်လာပြီ။ ဒါကြောင့် သုံးသပ်ပြီးတော့ လေ့လာပြီးတော့ ဆုံဖြတ်ပေးကြဖို့ လိုအပ်တဲ့ အကြံဉာဏ်များပြုပေးဖို့"မိန့်ကြားပါတယ်။ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဉီးဆောင်ပြီး ၁၆ ပါး စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာမှာ ကြွရောက်လာတဲ့ သံဃာတော်တွေက သဘောတူကြောင်း၊ ဗိမာန်အတွက် လိုအပ်တဲ့ မြေပမာဏ လုံလောက်မှုမရှိရင် တိုးချဲ့မြေရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ထံ ထပ်မံအလှူခံညှိနှိုင်းသွားဖို့၊ သာသနာ့ဗိမာန်ပတ်ဝန်းကျင်အတွင်း ဆိုင်ခန်း သို့မဟုတ် သာသနာတော်နဲ့ လိုက်ဖက်တင့်တယ်မှုမရှိတဲ့ အဆောကျအဦတွေ မဆောက်လုပ်စေဖို့အတွက် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းသွားဖို့ဆိုတဲ့ အချက် ၃ ချက်ကို တက်ရောက်လာတဲ့ ဆရာတော်တွေက ယာယီသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကယ်ဆရာတော်ဦးဆောင်ပြီး ဆရာတော်တွေက လက်မှတ်ရေးထိုးပြီး သာသနာ့ဗိမာန်တည်ဆောက်ဖို့အတွက် လက်ရှိမြေနေရာကို ပြည်နယ်ဝန်ကြီးချုပ်ထံ အလှူခံတောင်းဆိုခဲ့တယ်လို့ ပြည်နယ်သာသနာရေးမှူးက ဆိုပါတယ်။ မြို့မဘောလုံးကွင်းမြေနေရာကို ၂၀၀၀ ခုနှစ်က မြဌေးကြွယ်လင်း ကုမ္ပဏီကို နှစ် ၉၀ ဂရန်နဲ့ လုပ်ကိုင်ချထားပေးခဲ့ရာက ထပ်မံပြီး အဆင့်ဆင့်ရောင်းချခဲ့ရာ ငွေမိုးကုမ္ပဏီက ၂၀၁၃ ခုနှစ်မှာ ဟိုတယ်တည်ဆောက်ဖို့ နောက်ဆုံးဝယ်ယူခဲ့ပြီး အဆောက်အဦတည်ဆောက်နေစဉ်မှာ မြို့ခံပြည်သူတွေက မြေနေရာရရှိရေးတောင်းဆိုခဲ့တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းပြီး ပြည်နယ်အစိုးရထံကို ပြန်လည်လွှဲပြောင်းပေးခဲ့တာပါ။ ရဲမင်းခေါင်
2 years Ago
Up