close

သားရိုင်းတိရစ္ဆာန်

close

November 19, 2021

သားရိုင်းတိရစ္ဆာန်များကို ဆပ်ကပ်ဖျော်ဖြေရေးတွင် အသုံးမချရန် ပြင်သစ်လွှတ်တော် ဥပဒေ ပြဋ္ဌာန်း

သားရိုင်းတိရိစ္ဆာန်တွေကို ဆပ်ကပ်ဖျော်ဖြေရေးမှာ အသုံးမချဖို့ တားမြစ်တဲ့ဉပဒေတရပ်ကို ပြင်သစ်လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ အကြောင်း အေအက်ဖ်ပီသတင်းမှာ ဖေါ်ပြပါတယ်။

ကျား၊ ခြင်္သေ့၊ ဝက်ဝံစတဲ့ တောရိုင်းသတ္တဝါတွေကို ဆပ်ကပ်ပွဲ ဖျော်ဖြေရေးတွေမှာ သုံးခွင့်မပြုရေးကို လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက ပြင်သစ်လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။ 

အခု ဉပဒေသစ်ဟာ လာမယ့် ၂၀၂၄ ခုနှစ်ကစတင် အသက်ဝင်လာမှာဖြစ်ပြီး တောရိုင်းသတ္တဝါတွေကို အကြမ်းဖက်တာ တလွဲအသုံးချတာတွေအတွက် ထောင်ဒဏ် ၅ နှစ်နဲ့အတူ ဒဏ်ငွ ယူရို ၇၅၀၀ (ဒေါ်လာ ၈၅၀၀) အထိ ပေးဆောင်ရမှာပါ။

တောရိုင်းသတ္တဝါတွေကို တသီးပုဂ္ဂလိကပါတီပွဲတွေ ညကလပ်တွေနဲ့ ရုပ်သံအစီအစဉ်တွေမှာ ထည့်သွင်းအသုံးမချဖို့တွေလည်း ဒီဉပဒေမှာပါဝင်နေပါတယ်။ 

ဒါ့အပြင် တောရိုင်းသတ္တဝါတွေကို အိမ်မှာမွေးခွင့်ကိုလည်း လာမယ့် ၇ နှစ်အတွင်း တားမြစ်တော့မယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ 

ပြင်သစ်မ္မတ  အီမန်ညူရာယ်မာ့ခရွန်ကတော့ ဒီဉပဒေကို တိရစ္ဆာန်အခွင့်အရေးမှာ သမိုင်းဝင် ခြေလှမ်းတခု အဖြစ်ချီးကျုးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစပြီး အများပြည်သူ သဘောထားကောက်ခံချက်တွေမှာ တောရိုင်းသတ္တဝါတွေကို ဆပ်ကပ်ထဲမှာ အသုံးချမှုကို ကန့်ကွက်မှုတွေ တိုးပွားလာနေခဲ့တာပါ။ 

ပြင်သစ်နိုင်ငံမှာရှိတဲ့ ဆပ်ကပ်အဖွဲ့ပေါင်း ၁၂၀ လောက်ကတော့  ဆပ်ကပ်တွေထဲမှာ တောရိုင်းသတ္တဝါတွေကို နှိပ်စက်ညှဉ်းပန်းတာမျိုးမရှိဘူးလို့ ငြင်းဆိုကြပြီး ဒီဉပဒေကို ကန့်ကွက်ဆန္ဒပြကြမယ့်ပုံရှိပါတယ်။ 

ကိုးကား- AFP

Photo- Creative Commons

13 mins Ago

March 2, 2020

တရုတ်တွင် သားရိုင်းတိရစ္ဆာန်ဘေးမဲ့တော ချဲ့ထွင်

တရုတ်နိုင်ငံ သစ်တောနဲ့ မြက်ခင်းလွင်ပြင် စီမံအုပ်ချုပ်ရေးရုံးက သားရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ရေးနယ်ပယ် တိုးချဲ့လိုက်ပါတယ်။ ဒါ့အပြင် စားသုံးဖို့ သားရိုင်းတိရစ္ဆာန်တွေကို သားဖောက် မွေးမြူခွင့်လိုင်စင်ကိုလည်း ရုပ်သိမ်းမှာ ဖြစ်ပါတယ်။  “နိုင်ငံတလွှားက တောရိုင်းသားကောင်ရောင်းတဲ့ ဆိုင်ပေါင်း ၈၀၀ ကျော်က ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ချက်ချင်းစစ်ဆေးဖို့ လိုတယ်။ တိရစ္ဆာန်တွေ ပုံမှန်မဟုတ်ဘဲ သေဆုံးမှုနဲ့ နေမကောင်းဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း စစ်ဆေးရမယ်။ ဒုတိယအနေနဲ့ နိုင်ငံတလွှား သားရိုင်းတိရစ္ဆာန်သားဖောက်ရုံတွေကို အထိအတွေ့မရှိ သီးခြားထားဖို့ ရှင်းရှင်းလင်းလင်း လိုအပ်တယ်။ သားရိုင်းတိရစ္ဆာန်ကုန်သွယ်မှု တရားမဝင် အမဲလိုက်မှုတွေကို တိုက်ဖျက်ရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရမယ်။ သားရိုင်းတိရစ္ဆာန် ကုန်သွယ်မှု သယ်ယူပို့ဆောင်ရေးအား လုံးကို ရပ်တံ့ရမယ်” လို့ သားရိုင်းနဲ့ သစ်တောထွက်အပင်များကာကွယ်ရေးဌာန ဒုညွှန်မှူး ဝမ်ဝေရှောင်းက ပြောပါတယ်။ ကုန်မကူးဖို့ တားမြစ်ပိတ်ပင်ထားတဲ့ သားရိုင်းတိရစ္ဆာန်တွေကို စားသောက်ခဲ့ရင် ယွမ်ငွေ ၂ သောင်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမှာဖြစ်ပြီး မကာကွယ်ထားတဲ့ သားရိုင်းတိရစ္ဆာန်တွေကို စားသောက်ခဲ့ရင်တော့ ယွမ်ငွေ ၂ ထောင် ဒဏ်တပ်ခံရမယ်လို့ စည်းမျဉ်းမူကြမ်းက ဆိုပါတယ်။ ကာကွယ်စောင့်ရှောက်ရမယ့် စာရင်းဝင် သားရိုင်းတိရစ္ဆာန်တွေကို ရောင်းချတဲ့ဆိုင်တွေက တော့ ယွမ်ငွေ ငါးသောင်းထိ ဒဏ်ငွေပေးဆောင်ရမှာပါ။ ကိုရိုနာဗိုင်းရပ်စ်သစ်ဟာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့က သားရိုင်းတိရစ္ဆာန် ရောင်းချတဲ့ ဈေးကနေ စတင်ကူးစက်တယ်လို့ ယုံကြည်ထားပါတယ်။  ခုတော့ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာတလွှား နိုင်ငံပေါင်း ၆၈ နိုင်ငံက လူပေါင်း ၉ သောင်းနီးပါးကို ကူးစက်ခဲ့ပြီး လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
2 years Ago
Up