close

သီရိမင်္ဂလာဈေး

close

January 24, 2022

သီရိမင်္ဂလာစျေး စည်ပင်ရုံးကို ဗုံးခွဲသတိပေး

ရန်ကုန်မြို့ သီရိမင်္ဂလာစျေး စည်ပင်ရုံးကို ဇန်နဝါရီ ၂၃ ရက်နေ့ ညက Dictator Revolt Force(D.R.F) က ဗုံးခွဲသတိပေးခဲ့တယ်လို့ DRF က ထုတ်ပြန်ပါတယ်။

သီရိမင်္ဂလာစျေးသစ် စျေးသူ၊ စျေးသားတွေဆီကနေ ကျပ်သိန်းပေါင်းရာနဲချီ ဓားပြတိုက်သလို အခွန်ကောက်ခဲ့နေတဲ့ စျေးစည်ပင်ရုံးကို ဗုံးခွဲ တိုက်ခိုက်ပြီး နောက်ဆုံးအကြိမ် သတိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်နောင်မှာလည်း စျေးသူစျေးသားတွေဆီကနေ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ အေးဓားပြတိုက်သလို့ မတရားအခွန်ကောက်ခံတာတွေ ပြုလုပ်မယ်ဆိုရင် ဒီထက်ပိုပြီးပြင်းထန်တဲ့ အရေးယူ မှုတွေ လုပ်ဆောင်သွားမယ်လို့ အာဏာရှင်တော်လှန်ရေးတပ်ဦး (DRF) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သီရိမင်္ဂလာစျေးသစ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ကိုလည်း မနေ့ ည ၆ နာရီ ခွဲလောက်မှာ DRF တပ်ဦးက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

DRF တပ်ဦးအနေနဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် ဒဏ်ရာရပြီး ကင်းရုံလည်း ပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

15 mins Ago

January 26, 2021

လွိုင်ကော် သီရိမင်္ဂလာဈေးကို အဆင့်မြင့်တည်ဆောက်ရန် မရှိ

ကယားပြည်နယ်၊ လွိုင်ကော် သီရိမင်္ဂလာစျေး (တောင်ဈေး)ကို  ဈေးသူဈေးသားတွေရဲ့ ဆန္ဒအရ အဆင့်မြှင်တိုးချဲ့ဆောက်လုပ်သွားဖို့ မရှိကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြောပါတယ်

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့  ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၊ (၂၀) ကြိမ်မြောက်အစည်းအဝေး ပထမနေ့မှာ မယ်စဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးရဲ့မေးခွန်းကို ပြန်လည်ဖြေကြား ပြောဆိုသွားတာပါ။

“သိရိမင်္ဂလာဈေး (ခေါ်) တောင်ဈေးအား အဆင့်မြင့်နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့်တင်ရေး၊ ပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ ဈေးသူဈေးသားများ၏ ဆန္ဒသဘောထား ရယူခဲ့ရာမှာ ဈေးသူဈေးသားများအနေနဲ့ လောလောဆယ်အနေအထားမှာ ဈေးအဆင့်မြင့်တည်ဆောက်ရန် ဆန္ဒမရှိတဲ့အတွက်ကြောင့်မို့လို့ လောလောဆယ်အနေနဲ့ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်ရန်ပုံငွေများ လျာထားပြီးတော့ ဈေးအဆင့်မြှင့်တင် တည်ဆောက်ဖို့အတွက် အစီအစဉ်မရှိပါကြောင်း” ရှင်းလင်းဖြေကြားအပ်ပါတယ်။  

မယ်စဲမြို့နယ်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက လွိုင်ကော် သိရိမင်္ဂလာဈေးကို ခေတ်မီ အဆင့်မြင့်သော နှစ်ထပ်ဈေးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာ ရှိ၊ မရှိ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ဈေးအဆင့်မြှင့်တင်နိုင်ရေးအတွက် သီရိမင်္ဂလာတောင် ဈေးသူဈေးသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်၊ လွိုင်ကော်မြို့စည်ပင်သာယာရေးကော်မတီအဖွဲ့၊ ဈေးကော်မတီအဖွဲ့နဲ့ ဈေးသူဈေးသားတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဆင့်မြှင့်တင် ဆောင်ရွက်မယ့်ဈေးမှာ ၉ ပေပတ်လည် ဆိုင်ခန်းတခန်းအတွက် ဆိုင်ခန်းပိုင်ရှင်က ကျပ် သိန်း ၂၄၀ ပေးရမယ် ဆိုတာကြောင့် ဈေးသူဈေးသားတွေက သဘောမတူဘဲ ကန့်ကွက်ခဲ့ကြပါတယ်။

လက်ရှိ လွိုင်ကော် သီရိမင်္ဂလာတောင်ဈေးမှာ ဆိုင်ခန်းပေါင်း ၁၀၆၂၊ ခု  ပျံကျ ၄၀၀ နဲ့ ဈေးသူဈေးသား ၅၀၀ ကျော်ရှိကြောင်း သိရပါတယ်။

12 months Ago
Up