close

သီရိမင်္ဂလာစျေး စည်ပင်ရုံးကို ဗုံးခွဲသတိပေး

ရန်ကုန်မြို့ သီရိမင်္ဂလာစျေး စည်ပင်ရုံးကို ဇန်နဝါရီ ၂၃ ရက်နေ့ ညက Dictator Revolt Force(D.R.F) က ဗုံးခွဲသတိပေးခဲ့တယ်လို့ DRF က ထုတ်ပြန်ပါတယ်။

သီရိမင်္ဂလာစျေးသစ် စျေးသူ၊ စျေးသားတွေဆီကနေ ကျပ်သိန်းပေါင်းရာနဲချီ ဓားပြတိုက်သလို အခွန်ကောက်ခဲ့နေတဲ့ စျေးစည်ပင်ရုံးကို ဗုံးခွဲ တိုက်ခိုက်ပြီး နောက်ဆုံးအကြိမ် သတိပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်နောင်မှာလည်း စျေးသူစျေးသားတွေဆီကနေ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ အေးဓားပြတိုက်သလို့ မတရားအခွန်ကောက်ခံတာတွေ ပြုလုပ်မယ်ဆိုရင် ဒီထက်ပိုပြီးပြင်းထန်တဲ့ အရေးယူ မှုတွေ လုပ်ဆောင်သွားမယ်လို့ အာဏာရှင်တော်လှန်ရေးတပ်ဦး (DRF) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သီရိမင်္ဂလာစျေးသစ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ကိုလည်း မနေ့ ည ၆ နာရီ ခွဲလောက်မှာ DRF တပ်ဦးက သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

DRF တပ်ဦးအနေနဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် ဒဏ်ရာရပြီး ကင်းရုံလည်း ပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up